သုတဓမ္မ ဒီပလိုမာအတွက် နမူနာမေးခွန်းများ (Download ယူရန်နှိပ်ပါ)
#[၁] ဘဝခရီးဝယ် ရွေးချယ်ရမည့် လမ်း (Q&A စ_ ဆုံး)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Q1: ဘ၀ခရီးဝယ် ရွေးချယ်ရမည်းလမ်း ဟူသော အမည်ဖြင့် ဟောကြားခဲ့သော တရားသည် မည်သည်.နိကာယ်၊ မည်သည် သုတ်ကို အနှစ်ချုပ်ဟောခဲ့ပါသနည်း။ ထိုသုတ်၏ အခြားအမည်များရှိလျင် လည်း အကြောင်းနှင့်တကွ ဖြေဆိုခဲ့ပါ။
A; အင်္ဂုတ္တရနိကာယ်၊ ကေသမုတ္တိသုတ္တန် ဖြစ်ပါသည်။
ကေသမုတ္တိ နိဂုံးရွာကြီး၌ ဟောကြားခဲ့သောကြောင့် ဖြစ်ပါသည်။
အခြားအမည်မှာ ကာလမသုတ် ဖြစ်ပါသည်"
ကေသု မုတ္တိ၌ နေထိုင်သော ကာလမ မျိုးနွယ်စုတို့ကို ဟောခဲ့သောကြောင့် ဖြစ်ပါသည်။
-----------------------------------------------------_
Q2; ကာလမသုတ် အနှစ်ချုပ် ဝါ အမှား အမှန်ကိုစီစစ်၍ အမှန်တရားကို မှတ်ယူရာ၌ လိုအပ်သော စံ ၅-ချက်ကို ဖော်ပြခဲ့ပါ။
A;အမှန်အမှားကို စိစစ်၍ အမှန်တရားကို မှတ်ယူရာ၌
(၁) အစဉ်အလာ ယုံကြည်မှု စသည့် အချက် (၁၀) ချက်ကို အခြေခံပြီး မမှတ်ယူရ "
(၂) ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်အသိကိုသာ အခြေခံရမည်"
(၃) ကိုယ်ပိုင်ဉာဏ်ဖြင့် အဖြေထုပ်ပြီး မှားသည်ကို စွန့်လွတ်၍ မှန်သည်ကို လက်ခံကျင့်သုံးရမည်။
(၄) ဖြူစင်သော စိတ် မြင့်မြတ်သော သဘောထားဖြင့် အများနှင့် ဆက်ဆံနေထိုင်ရမည်။
(၅) ကိုယ်ပိုင်ဉာဏ်ဖြင့် အဖြေမထုပ်နိုင်သော ပြဿနာများ၌ နှစ်ဖက် ကောင်းပြီးသေချာသော လမ်းကို ရွေးရမည်။
<အမှာစာတွင် ကြည့်ပါ >
-----------------------------------------------
Q3; ယနေ့ခေတ် တွင် ဘာသာမဲ့ဆိုသူတွေ ပေါ်ပေါက်လာရခြင်းအကြောင်း တရားတစ်ခုကို ဆွေးနွေးခဲ့ပါ။
A; ဤဘာသာတရားက မှန်သည် ကောင်းသည်
ထိုဘာသာတရား များက မမှန်၊ မကောင်း" အခြားဘာသာတစ်ခုကလည်း တို့အတူ ဟောကြား ပြန်၏။ နာကြားရသူမှာ အမှားအမှန်ကို မဝေဖန် နိုင်သောကြောင့် ဘာမှ မယူတာပဲ ကောင်းသည်ဟုဆိုကာ ဘာသာမဲ့ ဆိုသူများ ပေါ်ပေါက်လာရ ခြင်းအကြောင်း တစ်ခု ဖြစ်ပါသည်။
----------------------------+--------------------
Q4; ဗုဒ္ဓဘာသာတရားက မ.တယ်' ကယ်တင် တယ်ဆိုတာ ရှိပါသလား? ဗုဒ္ဓဘာသာတရားသည် ဘာကို အခြေခံထားဟောသနည်း။
A; ဗုဒ္ဓဘာသာတရားက မ.တယ်' ကယ်တင် တယ်ဆိုတာ မရှိပါ။
ဗုဒ္ဓဘာသာတရားသည် ကံနှင့် ကံ၏အကျိုး ပေါ် အခြေခံထားပါသည်"
ကုသိုလ်ကံ၊ အကုသိုလ်ကံ ရှိသည်။
ကိုယ်လုပ်တာ ကိုယ်ခံရမည်" မကောင်းတာလုပ်လျှင် မကောင်းကျိုး ကောင်းတာလုပ်လျင် ကောင်းကျိုးခံစားရမည်ဟု ဟောပါသည်"
---------------------------------------------------------
Q5; ဗုဒ္ဓတရားတော်သည် လက်တွေ့ကျကြောင်း အရာရာဟာ ကိုယ်အပေါ် မူတည်ကြောင်း ဥပမာ နင့် ရှင်းပြခဲ့ပါ။
A; ဗုဒ္ဓတရားတော်သည် လက်တွေ့ကျပြီး အရာရာဟာ ကိုယ့်အပေါ်မှာမူတည်တယ်ဆိုတာ မှန်ပါသည်။
ဥပမာ "
ကျောင်းတက်နေတဲ့ကလေး တွေကြည့်ပါ။ ကိုယ်စာကျက်ရင် ကိုယ်ရတာပဲလေ။ ကိုယ်လုပ်မှကိုယ်ရတာ။
ကိုယ်စား မှ ကိုယ်ဝတာပါ။ သူများစားတာကို ထိုင်ကြည့်နေရုံနဲ့ ကိုယ်မဝပါ။
တကယ့်လက်တွေ့က ကိုယ်လုပ်မှကိုယ်ရမှာ။
ဗုဒ္ဓတရားတော်သည် တကယ့်ကို လက်တွေ့ (practical) ကျ၏။ ကိုယ်လုပ်တာ_ကိုယ်ခံရတယ်ဆိုတာကလည်း တကယ့်လက်တွေ့မှာ မှန်၏၊ ကိုယ် ကြိုးစားရင် ကိုယ်ဖြစ်တာပဲ။ မကြိုးစားရင် မဖြစ်ဘူး။
ဉာဏ်ရည်ဉာဏ်သွေး ဘယ်လောက်ကောင်းကောင်း၊ IQ ဘယ်လောက်မြင့်မြင့် မကြိုးစားလျင် ဘာမှ ဖြစ်မလာပါ။ ကြိုးစားပြီဆိုရင် လုံ့လဝီရိယအကျိုး ခံစားရပါမည်။
----------------------------------------------------------
Q6; အမှန်တရားကို ဆုံးဖြတ်သောအခါ အားကိုး ယုံကြည်လောက်သော အကြောင်း တရားများ မဟုတ်သည့် ၁၀- ချက်ကို အကျဉ်းမျှ ဖော်ပြခဲ့ပါ။
A; ။အောက်ပါအချက်(၁၀)ချက် သည် အမှန်တရားကို ဆုံးဖြတ်တဲ့ အခါမှာ အားကိုးယုံကြည်လောက်သော အကြောင်းတရားများမဟုတ်သည်များမှာ-
မာ အနုဿဝေန = အမှန်တရားကိုရှာတဲ့အခါမှာ တဆင့်ကြားစကား hear Sayပေါ် အခြေခံပြီးတော့ ရှာခြင်းမပြုရ။
၂။ မာ ပရမ္ပရာယ = အစဉ်အလာ ကျင့်သုံးလာတဲ့အချက်၊ အစဉ်အလာ ယုံကြည်ထားတဲ့ အချက်တွေ tradition အပေါ် အခြေခံပြီးတော့လည်း အမှန်တရားကို မရှာရ။
၃။ မာဣတိကိရာယ = တစ်ဦးတစ်ယောက်ကလာပြီး ဒါက ဒီလိုပါလို့ဆိုပြီး တင်ပြချက် reportကို အခြေခံပြီးတော့လည်း အမှန်တရားကို ဆုံးဖြတ် ရှာဖွေခြင်းမပြုရ။
၄။ မာ ပိဋကသမ္ပဒါနေန =ကိုယ်သင်ထားတဲ့စာပေနဲ့ ကိုက်ညီတယ် စာထဲမှာ ဒီအတိုင်းပါတာပဲ၊ စာအုပ်ထဲမှာ ဒီလို ရေးထားတယ် ဆိုတာနဲ့လည်း အမှန်တရားကို မဆုံးဖြတ်ရ။
၅။ မာ တက္ကဟေတု = ကျိုးကြောင်းဆင်ခြင်တဲ့ နည်း၊ Logicနည်းစနစ်နဲ့ရှာလျင် မှန်တဲ့အခါမှန်သည်၊ မမှန်တဲ့အခါ မမှန်ပါ။ ဤ နည်းဖြင့်အမှန်တရားကို မရှာရ။
၆။ မာ နယဟေတု = ရှာဖွေတဲ့နည်းလမ်းတစ်ခု ဖြစ်သောအကျိုးကိုကြည့်ပြီး အကြောင်းကို ဖော်ထုတ်သောနည်း၊ အကြောင်းကိုကြည့်ပြီး အကျိုးကိုဖော်ထုတ်သောနည်း အနုမာန (inference) ဖြင့်မှန်းဆပြီး အမှန်တရားကို မရှာရ။
၇။ မာ အာကာရပရိဝိတက္ကေန = အခြေအနေအရပ်ရပ် သုံးသပ်ဆင်ခြင်တဲ့ နည်း၊ အကြောင်းတရားရှာတဲ့နည်း (reasoning) ဖြင့်လည်း အမှန်တရားကို ရှာခြင်း မပြုရ။
၈။ မာ ဒိဋ္ဌိနိဇ္ဈနက္ခန္တိယာ = ကိုယ့်အကြိုက်နဲ့ ကိုက်ညီသည်ဟုဆိုကာ အမှန်တရားကို မရှာရ။
၉။ မာ ဘဗ္ဗရူပတာယ = မှတ်သားထိုက်တဲ့အရာ ဆိုရုံဖြင့် အမှန်တရားကို မရှာရ။
၁၀။ မာ သမဏာ နော ဂရု = တို့ကိုးကွယ်တဲ့ဆရာပဲ၊ ဆရာ့စကား လေးစား ထိုက်တယ် ဆိုကာ အမှန်တရားကို မရှာရ။
--------------------------------------------------------
Q7; အမှန် အမှား ဆုံးဖြတ်သောအခါ အားကိုးယုံကြည်လောက်သော အကြောင်းမှာ အဘယ်နည်း။
ဒေါသသည် အပြစ်ရှိမရှိ သုံးသပ်ပြပါ။
A; အမှန် အမှား ဆုံးဖြတ်သောအခါ အားကိုးယုံကြည်လောက်သော အကြောင်းမှာ
ကိုယ်တိုင် လက်တွေ့သိသော အသိဉာဏ် ဖြစ်သည်။
ဒေါသသည် အပြစ်ရှိ၏။
ဒေါသ ၀င်လျှင် စိတ်နှလုံး ချမ်းသာမှု ဆုံးရုံး၏ " အရာရာ မကျေနပ်ဖြစ်ကာ အတွေး ရိုင်းလာ၏။နှုတ်ထွက်စကား ကြမ်းကာ မပြောသင့်ကို ပြောထွက်၏။ မိမိနှင့် သူတပါးထိခိုက်နှစ်နာသော မလုပ်သင့်သည့်အလုပ်တွေလုပ်လာ၏။ ဒေါသ ကြီးသူတို့မှာ သွေးတိုး၊ နလုံး Heart attack ရကာ ဒုက္ခရောက်နိုင်၏ "
ဒေါသသည် ကောင်းကျိုးမပေး"
ပညာရှိ သူတော်ကောင်းတို့ မချီးမွမ်း"
ထို.ကြောင့် ဒေါသ သည် အပြစ်ရှိပေသည်။
---------------------------------------------------
Q8;စစ်မှန်သော ငြိမ်းချမ်းရေးရရန် ကမ္ဘာလူသားများ လိုအပ်နေသော တရား ၄- ပါးကို ဖော်ပြပါ။
A; (၁) မတ်ေတာ
(၂)ကရုဏာ
(၃)မုဒိတာ
(၄)ဥပေက္ခာ
---------------------------------------------------
Q9; မေတ္တာမထားနိုင်လျင် ဖြစ်လာနိုင်သော အကျိုးဆက်များကို ဖော်ပြပါ။
A; မေတ္တာမထားနိုင်လျင် အမုန်းတရားများ ရောက်လာမည် "ထိုနောက် နိမ့်ကျသူ အပေါ် မကြင်နာ ကရုဏာမထားနိုင်၊ မြင့်မားသူကိုလည်း မုဒိတာမပွားနိုင် ဖြစ်ကာ
စည်းလုံးညီညွှတ်မှု မရနိုင်တော့ပါ။
+----------------------------------------------------
Q10; အပေါင်းအသင်း Society လူတွေကြားမှာ နေလျင်ကျင့်သုံးသင့်သည် တရား ၃ ပါး အကြောင်း တင်ပြဆွေးနွေးခဲ့ပါ။
(၁) မတ်ေတာ
အမုန်းတရားများ ဖယ်ရှားပြီး လူသားတို့ ကောင်းကျိုးချမ်းသာကို လိုလားပြီး အများကောင်းကျိုးဆောင်ရွက်မည် ဆိုသောစိတ်ထားဖြစ်နေရမည်။.
(၂) ကရုဏာ
ဒုက္ခရောက်နေသော ပုဂ္ဂိုလ် တွေ့သောအခါ အကြင်နာ ကရုဏာဖြင့် ထိုဒုက္ခမှ လွတ်ကြောင်း ဝိုင်းဝန် ကူညီဖြေရှင်းပေးပါ။
(၃) မုဒိတာ
အောင်မြင် ကြိုပွားသူတွေ့လျင် ဝမ်းမြောက်ခြင်း
appreciative joy ဖြစ်ပါ။ သို့မဟုတ်လျှင် မနာလိုမှု ဣဿာ jelousy ဖြစ်မည်။
-------------------------------------------------------
Q11; ဗြဟ္မာဓိုရ်တရား ၄-ပါးတွင် ပါဝင်သော ဥပေက္ခာဆိုသောသဘောတရားကို သင်မည်သို့ နားလည်သနည်း။
A; ဗြဟ္မာဓိုရ်တရား ၄-ပါးတွင် ပါဝင်သော ဥပေက္ခာဆိုသောသဘောတရားသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ တို့ထက်သာ၏ "
ဥပေက္ခာဆိုသည်မှာ မခေါ် မပြော ဂရုမစိုက်ပဲ လူကို လျစ်လျူရူနေခြင်း မဟုတ်။ မိမိ အဆဲခံရလို့လည်း စိတ်မဆိုး" ချီးမွမ်းခံရရလည်း ၀မ်းမသာ သည်စိတ်ဓါတ် အလွန်တည်ငြိမ် ခြင်းသဘော ဖြစ်သည်။
ဥပေက္ခာသည် လူကို လစ်လျူ မရှု၊ လူ၏ အပြုအမှုကိုသာ လျစ်လျူရူပြီး လုပ်သင့်တာလုပ်၏ "
မေတ္တာ' ကရုဏာ၊ မုဒိတာ တို.တွင် စိတ်လှုပ်ရှားမူ လေးများရှိသော်လည်း ဥပေက္ခာတွင် စိတ်လှုပ်ရှားမှု လုံးဝမရှိတော့ ' ငြိမ်နေ၏။
-----------------------------------------------------
Q12;လောဘ ဒေါသ မောဟ တို့ကို ဖယ်ရှားနိုင်သော တရားအသီးသီးကို ဖော်ပြခဲ့ပါ။
A; လောဘကို ဖယ်ရှားနိုင်သော တရားမှာ အလောဘ
ဒေါသကို ဖယ်ရှားနိုင်သော တရားမှာ အဒေါသ (မေတ္တာ)
မောဟကို ဖယ်ရှားနိုင်သော တရားမှာ အမောဟ (ပညာ) တို့ဖြစ်ပါသည်"
------------------------------------------------------
Q13; ဘက်လိုက်တတ်သော အဂတိ တရား ၄-ပါးကို ဖော်ပြခဲ့ပါ။
လောဘတရားကြောင့် ဆန္ဒာဂတိ
ဒေါသ ကြောင့် ဒေါသာဂတိ
မမှန်မသိမှုကြောင့် မောဟာဂတိ
အကြောက် ဘေးကြောင့် ဘယာဂတိ
တိုဖြစ်ပါသည်။
---_-------—-------------------------------------------
Q14;အပြစ်ရှိသော တရားဆိုသည်မှာ အဘယ်နည်း။ ကိုယ်ပစ္စည်း နှမြောခြင်း ကိုယ့်မိသားစု ပေါ်တွယ်တာခြင်း (လောဘ)သည် အပြစ်ရှိလား" အကြောင်း ပြဖြေဆိုပါ။
A; အပြစ်ရှိ သော တရားဆိုသည်မှာ
-အပြစ်ဆိုသည်မှာ မကောင်းတဲ့အကျိုးကို သယ်ဆောင်လာတတ်တဲ့သဘော ဖြစ် သည်။ လောဘရှိလို့ ကိုယ့်ပစ္စည်းကိုနှမြောတာ၊ ကိုယ့်ပစ္စည်းကို တွယ်တာ တာ၊ ကိုယ့်မိသားစုအပေါ် တွယ်တာတာ အပြစ်ရှိသည်။ ထိုဒီတွယ်တာမှုက သောကဆိုသော ဆိုးကျိုးကို ယူလာတတ်သည်။ ဘယ်သူက ယူလာတာလဲဆိုတော့ လောဘက ယူလာတာ။ ဒါ အနည်းဆုံးအပြစ်ပဲ၊ တွယ်တာတဲ့နေရာမှန်သမျှ သောကဆိုတာ လာသည်။ သောကသည် မကောင်း၊ စိတ်ပူပန်စေ သည်။ ။
ပစ္စည်းရှိသူကလည်း ပစ္စည်းအတွက်ကြောင့်ကြ၊ သားသမီးရှိတဲ့သူက လည်း သားသမီးအတွက်ကြောင့်ကြ။ ဤသည်ကားလောဘကပေးတဲ့ ပြဿနာများ ပေတည်း။ တွယ်တာမှု လောဘမရှိဘူးဆိုရင် ဒါတွေငြိမ်းနေမည်။ မြတ်စွာဘုရားက "ပိယတော ဇာယတေ သောကော။ "
#ချစ်ခင်တွယ်တာမှုသည်_သောကကို_မွေးဖွားပေးတတ်သည် ဟုဟောခဲ့၏။
ကိုယ့်လောဘ ကိုယ် control လုပ်ရင်လုပ်၊ ကိုယ့်ပစ္စည်းကိုလိုချင်တဲ့ လောဘတင်မက၊ သူများပစ္စည်း ကို လိုချင်တဲ့လောဘ ဖြစ်လာပြီးခိုးမှုတွေ၊ ဓားပြတိုက်မှုတွေ၊ ရာဇဝတ်မှု ကျူးလွန်မှုတွေ ဖြစ်လာနိုင်သဖြင့် လောဘသည် အပြစ်ရှိ၏။
--------------------------------------------------------------
Q15; မကောင်း မူဆိုသည်မှာ အဘယ် နည်း"
ကောင်း မှု ဆိုသည်မှာ အဘယ်နည်း"
ဓမ္မပါဒ ၌ ဖွင့်ဆိုပုံကို ဖော်ပြခဲ့ပါ"
A; ဓမ္မပဒ ၌ ဖွင့်ဆိုပုံမှာ -
မကောင်းမှုဆိုသည်မှာ - လုပ်ပြီးသော နောက် စိတ်နှလုံးကို ပူလောင်စေတတ်၏။ တုန့်ပြန်အကျိုး ခံစားရလျှင် ဆင်းရဲဒုက္ခ(ငိုယို ကြိတ်မှိတ် ) ခံစားရ၏။
ကောင်း မှုဆိုသည်မှာ - ပြုလုပ်ပြီးနောက် (မှားလိုက်တာဟု) ဘာမျှ ပူပင်ရန် မရှိ။
အကျိုးတရားကို ဝမ်းမြောက်စွာ ခံစားရ၏။
-----------------------------------------------------
Q16; နောက်ဘဝ ရှိ/ မရှိ နှင့် ကိုယ်လုပ်ခဲ့သော အကုသိုလ်အပြစ် ပြန်ခံရ/မရ အဖြေမထုပ်နိုင်လျင်
သေချာသော လမ်းကို မည်သို့ ရွေးရမည်နည်း ရှင်းပြခဲ့ပါ။
A; နောင်ဘ၀ရှိမရှိနှင့် ကိုယ်လုပ်ခဲ့သော အကုသိုလ်အဖြစ် ပြန်ခံရမရ အဖြေမထုပ်နိုင်လျင် သေချာသော လမ်းကို ရွေးချယ်ရန်မှာ -
ဤဘဝတွင် လူကောင်းဖြစ်အောင်နေမည်" နောင်ဘဝရှိလျင် လည်း ကောင်းတဲ့ဘ၀ ရောက်မည်။ မရှိခဲ့လျင်လည်း ဤ ဘ၀မှာ လူကောင်းဖြစ်သည်။ ဤသို့ နှစ်ဖက် ကောင်းသော သေချာသော လမ်းကို ရွေးပါမည်။
အကုသိုလ်ကံ အကျိုးပေးမပေး မဆုံးဖြတ်နိုင်လျှင်
အကုသိုလ်ကို မလုပ်ပဲ ရှောင်ပါမည်။
ဥပမာ- သူ့အသက်သတ်၍ ငရဲကြီးမကြီး မသေချာလျင် မသတ်ပဲ နေပါမည်" တို့ကြောင့် ဤဘဝမှာလည်း ချမ်းသာစွာနေရ၏။ အကုသိုလ်က အကျိုးပေးသည်ဆိုလျှင်လည်း မိမိမသတ်သည်.အတွက် မကောင်းကျို ခံစားရန် မရှိပေ။ ထိုသို့ နှစ်ဖက် ကောင်းသော သောချာသည့် လမ်းကို ရွေးချယ်ပါမည်။
-------------------------------------------------------
Q17; မောဟသည် လောဘ ဒေါသ တို့ထက် ပြဿနာကြီးကြောင်း တင်ပြခဲ့ပါ။
A; မောဟသည်တွေဝေပြီး အမှား/အမှန် ပိုင်းခြားမသိသောကြောင့် လုပ်သင့်တာ မလုပ်သင့်တာ မသိချေ။ မလုပ်သင့်သည်ကို လုပ်၏။ လုပ်သင့် သည်ကို မလုပ်။
ထို့ကြောင့် မောဟ သည် လောဘ၊ ဒေါသ တို့ထက် ပြဿနာ ပိုကြီး၏ ။
++++++++++++++++++++++++++++++
လွယ်ကူစွာ လေ့လာနိုင်ရန် အတွက်
နမူနာ အမေးကို နမူနာအဖြေများအဖြစ်သာ ဖြေပေးခြင်းပါ။
ဤအတိုင်း တိုက်ရိုက်မလွှဲဖြေရမည်ဟု မဆိုလိုပါ"
မေးခွန်း ဆိုလိုရင်းကိုကြည့်၍ ဖြေဆိုပါ "
လိုတာထည့်ပါ၊ ပိုတာ နုတ်ပါ၊ မှားတာပြင် ပါ"
အားလုံး အောင်မြင်ကြပါစေ"
Credit: ဦးစိန်ဦး
...............................
...............................
[2] မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ
(မေးခွန်းနှင့် အဖြေ များ) စ-ဆုံး
++±+++++++++++++++++++++++++++
Q1; ဗုဒ္ဓမြတ်စွာသည် မည်သည့် အတွက် ပွင့်လာရသနည်း"
A; အတ္ထယ ဟိတာယ သုခါယ ဒေဝမနုဿာနံ" ဟု ဟောကြားခဲ့ပါသည်။
ဗုဒ္ဓမြတ်စွာသည် နတ်၊ လူသတ္တဝါများ၏ အကျိုးအတွက် ဟိတာယ အခြေအနေကောင်းများ ရရန် နှင့် သုခါယ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရေး အတွက် ပွင့်လာရပါသည်။
_________________________
Q2 ; ဗုဒ္ဓတရားများသည် လောကုတ္တရာတရားတွေ၊ ဘုန်းကြီး စာတွေပါ လူတို့နှင့်မဆိုင်ဟူသော အယူအဆကို လက်ခံပါသလား?' အကြောင်း ပြဖြေဆိုပါ။
A; ဗုဒ္ဓတရားများသည် လောကုတ္တရာတရားတွေ၊ ဘုန်းကြီး စာတွေပါ လူတို့နှင့်မဆိုင်ဟူသော အယူအဆကို လက်မခံပါ။
အကြောင်းမှာ ဘုရားဟော (ပိဋကတ်) တရားတော်များသည် နိဗ္ဗာန်ရောက်ကြောင်း တရားချည်းသက်သက်မဟုတ်ပါ။ သံသရာထဲ လောကထဲ ကျင်လည်နေချိန်တွင်လည်း အခြေအနေကောင်းများ ရရှိကာ အရာရာ အဆင်ပြေပြီး ချမ်သာသုခ ရရှိစေရန် ဟောကြားသောတရားတော်လည်း များစွာ ပါဝင်၏။
လူမိုက်နှင့် မပေါင်းအပ် စသော ၃၈ ဖြာမင်္ဂလာတရားသည်လည်းကောင်း၊ မိဘ ဆရာ မိတ်ဆွေ စသည့် ပုဂ္ဂါလ် အချင်းချင်း ဆက်ဆံရေးကို အဓိက ဟောခဲ့သော
သိင်္ဂလော ဝါဒသုတ္တံ သည် လည်းကောင်း၊ စီးပွားရေး မျက်စိ နှင့် ဓမ္မ မျက်စိ ၂ မျိုးလုံးရှိရန် ဟောကြားခဲ့သော
အန္ဓသုတ္တန် စသည်တို့ကိုကြည့်ခြင်းဖြင့် ဘုရားတရားတော်များသည် လူတို့နှင့်မဆိုင်ဟူသော အယူအဆကို လက်မခံ နိုင်ခြင်းဖြစ်ပါသည်။
____________________________
Q3; အန္ဓသုတ္တန်တွင် ဟောကြားခဲ့သော ( အသိဉာဏ်) မျက်စိ ၂ မျိုးကို ရှင်းပြခဲ့ပါ။
A; အန္ဓသုတ္တဋ်တွင် ဟောကြားခဲ့သော မျက်စိ ၂ မျိုးမှာ-လောကတွင် လူဟူ၍ ဖြစ်လာလျှင် လိုအပ်သော အသိဉာဏ်မျက်စိ ၂ မျိုးဖြစ်သည့်
(၁) စည်းစိမ်ဥစ္စာ ရအောင်၊ ရပြီးသားများတိုးပွားအောင်လုပ်နိုင်သောနည်းပညာ တတ်ကျွမ်းမှု စသည်." စီးပွားရှာတတ်သော မျက်စိ" နှင့်
(၂) ကိုယ်ကျင့်တရားနှင့် ပတ်သက်ပြီး အကောင်း အဆိုး၊ အကြောင်း အကျိုးခွဲခြား သိတတ်သော " ဓမ္မမျက်စိ " တို့ ဖြစ်ပါသည်"
_________________________
04; ဤဘဝအတွက် ဟိတသုခ (အခြေအနေကောင်းနှင့် ချမ်းသာ ) ကို ရစေနိုင်သော အချက် (၄) ချက်ကို အကျဉ်းမျှရှင်းပြခဲ့ပါ။
A; ဤဘဝအတွက် ဟိတသုခ ကိုရစေနိုင်သော အချက် ၄-ချက်ကို အကျဉ်းမျှ တင်ပြရသော် -
(၁) ဥဋ္ဌာနသမ္မဒါ-မိမိလုပ်ငန်းကို တက်တက်ကြွကြွ ကြိုးကြိုးစားစား လုပ်ကိုင်ခြင်း"
ထိုသို့ ကြိုးစား မူတွင်လည်း
(က) ဒက္ခ - လုပ်ငန်းကျွမ်းကျင်ခြင်း
(ခ) အနလယ-ဇွဲကောင်းခြင်း
(ဂ) ဥပါယ ဝီမံသ- နည်းပညာရှိခြင်း တို့ပါဝင်သည်"
(၂)-အာရက္ခ သမ္ပဒါ- ထိန်းသိမ်းစောင့်ရှောက်မှုရှိခြင်း
ရရှိရသော စီးပွားဥစ္စာ၊ ထုပ်ကုန် စသည်တို့ကို အလေအလွင့် မရှိစေရန် ထိန်းသိမ်းရမည်။ရေ၊ မီး စသော ရန်သူမျိုး-၅ ပါးမှမပျက်စိးရအောင် | မလေလွင့်မဆုံးရုံးရအောင် စောင်.ရှောက်ရမည်။
(၃) ကလျာဏမိတ္တ - မိတ်ကောင်းဆွေကောင်း ရှိခြင်း"
စီးပွားရေးနှင့် ပတ်သက်သော အကြံပေးပုဂ္ဂိုလ်၊ အကျင့်စာရိတ္တ ရှိသော | အသိပညာရှိသော၊ စွန့်လွတ်နိုင်သော 'ယုံကြည်မှုရှိသော မိတ်ဆွေကောင်း ရှိရမည်"
သို့မဟုတ်ပါက အသုံးအဖြုံးများကြောင့် ပျက်စီးဆုံးရှုံးနိုင်သည်။
(၄) သမဇီဝိတာ- ဝင်ငွေ/ထွက်ငွေ မျှတစွာ သုံးစွဲခြင်း"
တို့အတွက် စာရင်းဇယား တိကျခိုင်မာစွာ ထားရ၏။ ဘတ်ဂျက် စာရင်း၊ လိုငွေ-ပိုငွေ တို့ကို စီမံခန့်ခွဲနိုင်ရပါမည်။
__________________________
Q5; တမလွန်ဘဝအတွက် အခြေအနေကောင်းနှင့် ချမ်းသာ သုခ ရစေနိုင်သော အချက် (၄) ချက်ကို အကျဉ်းမျှ တင်ပြခဲ့ပါ။
A; တမလွန်ဘ၀အတွက် အခြေအနေကောင်းနှင့် ချမ်းသာသုခ ရစေနိုင်သော အချက် ၄ ချက် အကျဉ်း တင်ပြရသော် -
(၁) သဒ္ဓါသမ္ပဒါ- ယုံကြည်ချက်ရှိရမည်^ ဗုဒ္ဓ၏ အသိဉာဏ်နှင့် အဆုံးအမကို လေးစားလိုက်နာရမည်"
(၂) သီလ သမ္ပဒါ-ကိုယ်ကျင့်တရား ကောင်းရမည်"
ကိုယ်ကျင့်တရား မကောင်းပါက စီးပွားကို မတရားနည်းဖြင့်ရှာပေမည်။
(၃) စာဂ သမ္ပဒါ-စွန့်လွတ်နိုင်မှုရှိရမည်
ရရှိလာသော အခွင့်အရေး၊ စည်းစိမ်ဥစ္စာ တို့ကို မိမိတစ်ဦးတည်း မသုံးစွဲပဲ မိမိပတ်ဝန်းကျင်နှင့် မျှဝေခံစားရပါမည်။
(၄) ပညာသမ္ပဒါ- အသိပညာ ရှိရပါမည်။
အကြောင်းအကျိုး၊ အကောင်း-အဆိုး ခွဲခြားသိသော ပညာက အစ - နောက်ဆုံး လောကမှာရှိသော သဘာဝတရား (သင်္ခါရ) တို့သည် ဘယ်ဟာမှ မမြဲဟုသိသည့် ဝိပဿနာ ပညာမျိုးအထိ ရှိရပါမည်"
_____________________________
Q6; ဗုဒ္ဓတရားတော်များသည် (pessimism] အဆိုးမြင်ဝါဒ ဟု အချို့က အဘယ်ကြောင့် ထင်ကြသနည်း" ထိုအမြင် မှန်ပါသလား? ရှင်းပြခဲ့ပါ။
A; ဗုဒ္ဓတရားတော်များသည် (pessimism) အဆိုးမြင်ဝါဒ ဖြစ်သည်ဆိုသောအမြင် မမှန်ပါ။
အဘယ်ကြောင့်ဆိုသော်- ဗုဒ္ဓဟောကြားခဲ့သော တရားတော်များသည် လူတိုင်း လိုက်နာကျင့်သုံးရမည့် အချက်များ ပါဝင်ပြီး လိုက်နာလျင် လည်း စီးပွားရေး လူမှုရေး တိုးတက်မှုရရှိပေမည်။ သို့သော် လူတချို့က ဗုဒ္ဓဟောကြားသော အဆင့်မြင့် တရားဘက်ကိုသာ ကြည်.ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ ဟောတယ်၊ သံသရာဟာ ငြီးငွေ့ဖို့ဟာ ဟောတယ်။သစ္စာလေးပါးမှာ ဒုက္ခနှင့် ဒုက္ခသမုဒယ ဆင်းရဲကြောင်းကိုဦးတည် ဟောတယ် ဟု အထင်လွှဲကာ အဆိုးမြင်ဝါဒဟု တင်ကြခြင်းဖြစ်သည်။
ထိုအမြင် မမှန်ပါ။ သံသာရ ဝဋ်မှ ထွက်ရန်ကား တွယ်တာမှု (တဏှာ) ကို ပယ် ရမည်ဖြစ်သော်လည်း သံသရာထဲ လောကထဲ အဆင်ပြေစွာနေနိုင်ရန် အတွက်လည်း မြတ်စွာဘုရားဟောကြားခဲ့သော တရားများစွာရှိပေသည်။ ဥပမာ- သိင်္ဂလော ဝါဒသုတ်တွင် အလုပ်ရှင်နှင့် အလုပ်သမား၊ မိသားစုတွင်း ဆက်ဆံရေး၊ တစ်ဦးနှင့် တစ်ဦးပေါင်းသင်း ဆက်ဆံရေး များစွာပါဝင်၏။
စီးပွားရေးနှင့် ပတ်သက်၍လည်း ဟိတသုခ ရရှိစေရန် တားများစွာလည်း ဟောခဲ့၏။ထို့ကြောင့် ဗုဒ္ဓဝါဒသည် အဆိုးမြင်ဝါဒ မဟုတ်ပါ။
---------------.......
Q7;စိုးရိမ်မှုသောက (Worry )မရှိစေရန် မည်သည့် တရားကို ဖယ်ရှားရမည်နည်း။ ထိုအတွက် မည်သည့်အသိဉာဏ် လိုအပ်ပါသနည်း"
A; တွယ်တာမှု သည် သောကကို ဖြစ်စေ၏" ထို့ကြောင့် စိုးရိမ်မှု သောက မရှိစေရန် တွယ်တာမှုကို ဖယ်ရှားရပါမည်။ ထို တွယ်တာမှုကို ဖယ်ရှားရန်အတွက် သဘာဝတရားများကို ရှင်းလင်းပြတ်သားစွာ မြင်သော သမ္မာ ဒဿန (ဝါ) သမ္မာဒိဋ္ဌိ right Understanding ဆိုသော ထူးခြားသော အသိဉာဏ်ဖြစ်သည့် ဝိပဿနာ ဉာဏ်လို ပါသည်။
_________________________
Q8; ရုပ်နာမ် ခွဲခြားသိသော ဉာဏ်(နာမရူပ ပရိစ္ဆေဒဉာဏ်) ကို မည်သို့ ရနိုင်သနည်း။
A; ရုပ်နာမ်ခွဲခြားသိသော ဉာဏ်ကိုရရန် -
အဘိဓမ္မာ လေ့လာခြင်းဖြင့် ရနိုင်၏။ ထိုမှတဆင့် လက်တွေ့ ဝိပဿနာ ကျင့်စဉ်တစ်ခုကို ကျင့်သုံးခြင်းဖြင့် လူဆိုသည်မှာ အခေါ်အဝေါ်ပညတ် concept သာဖြစ်သည်။အသေးစိတ် ခွဲဖြာ ကြည့်လျှင် ရုပ်တရား၊နာမ်တရား သက်သက်မျှသာ ဖြစ်သည်။ သမ္မာ ဒဿန မှန်ကန်သော အမြင်ရ၏။ ရုပ်နာမ်တို့၏ အရှိအတိုင်းဖြစ်သော မှန်ကန် ဖြူစင်သည့်အမြင် ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်၏။
____________________________
Q9; သံသရာဝဋ်မှ ထွက်မြောက်ရာလမ်း မဇ္ဈိမ ပဋိပဒါ အတွက် ဦးဆောင် လုပ်သွား ရမည့် မဂ္ဂင် ၅ ပါးကို ဖော်ပြခဲ့ပါ"
A; သံသရာဝဋ်မှ ထွက်မြောက်ရာလမ်း မဇ္ဈိမ ပဋိပဒါ အတွက် ဦးဆောင် လုပ်သွား ရမည့် မဂ္ဂင် ၅ ပါး မှာ
(၁) မှန်ကန်စွာသိခြင်း (သမ္မာ ဒိဋ္ဌိ) right Understanding
(၂) မှန်မှန်ကန်ကန် စဉ်းစားခြင်း (သမ္မာသင်္ကပ္ပ )right thought
( ၃) မှန်မှန်ကန်ကန် ကြိုးပမ်းအားထုပ်ခြင်း (သမ္မာ ဝါယမ) right effort
(၄) အာရုံကို မှန်ကန်စွာ အမှတ်ရခြင်း(သမ္မာ သတိ) right mindfulness
(၅) အာရုံတစ်ခုတည်းအပေါ် မှန်ကန်သော နည်းလမ်းဖြင့် စူးစိုက်ခြင်း (သမ္မာ သမာဓိ) right concentration
တို့ဖြစ်ပါသည်။
______________________
Q10;ဗုဒ္ဓဟောကြားခဲ့သော မြတ်ဗုဒ္ဓ ဒေသနာသည် ယနေ့ကမ္ဘာအား အကျိုးပြုနိုင်ပုံကို ခြုံငုံတင်ပြခဲ့ပါ"
A; မြတ်ဗုဒ္ဓဒေသနာ ဖြစ်သော ဗုဒ္ဓတရားတော်များသည် လူသားတို့ အတွက် အခြေအနေကောင်း (ဟိတာယ ) ကို ဖြစ်ပေါ်စေပြီး ချမ်းသာသုခ ကိုရစေနိုင်သော တရားများဖြစ်သည်။
နိဗ္ဗာန်ချမ်းသာ ရရန်တစ်ခုတည်းမဟုတ်။ သံသာရာတွင် ကျင်လည်စဉ် ၌လည်း အရာရာ အဆင်ပြေပြီး ဆင်းရဲဒုက္ခ နည်းစေရန် တရားများစွာပါဝင်၏။
စီးပွား ဘယ်လိုရှာ ' ကိုယ်ကျင့်တရားကောင်းအောင် ဘယ်လိုနေ၊ အောင်မြင်အောင် ဘယ်လို ကျင့်သုံး စသည်ဖြင့် အခြေခံကစ ရှင်းလင်းဟောကြားမှုများစွာ ရှိပေသည်။
၃၈ ဖြာမင်္ဂလာတရား' မေတ္တသုတ္တန်၊ အသိဉာဏ်မျက်စိ ၂ မျိုးကိုဟောသော အန္ဓသုတ္တန်၊ ဒီဃဇာဏု အမျိုးသား၏ အမေးအား ဖြေကြား ဟောခဲ့သော ဤဘဝ နောင်ဘဝ ကောင်းစားရေး တရား၊ ပုဂ္ဂိုလ်အသီးသီးတို့၏ အပြန်အလှန် ဆက်ဆံရေး ကို ဟောခဲ့သော သိင်္ဂလော ဝါဒသုတ်၊ စသည်စသည် တို.ထင်ရှားပါသည်"
ငြိမ်းချမ်းစွာနေထိုင်ရေးအတွက်လည်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားများ | သောက လျော့ကျစေရန် အမြင်မှန် သမ္ပာ ဒဿန ရစေသော တရားများ နှင့် မဇ္ဈိမပဋိပဒါ ကျင့်စဉ်၊ မဂ္ဂင် ရှစ်ရပ် အကျင့်မြတ် တို့ကိုလေ့လာ လိုက်နာ ကျင့်သုံးခြင်းဖြင့် ယနေ့ကမ္ဘာ.လူသားတို့၏ တိုးတက်ကြီးပွားမှု ငြိမ်းချမ်းသာယာမှုနှင့် နောက်ဆုံး သံသရာဝဋ်ဒုက္ခအပေါင်းမှကင်းလွတ်သည့်တိုင် အကျိုးပြုနိုင်ပါကြောင်း သုံးသပ် တင်ပြအပ်ပါသည်။
++++++++++++++++++++++++++++++
လွယ်ကူစွာ လေ့လာနိုင်ရန် အတွက်
နမူနာ အမေးကို နမူနာအဖြေများအဖြစ်သာ ဖြေပေးခြင်းပါ။
ဤအတိုင်း မလွှဲဖြေရမည်ဟု မဆိုလိုပါ"
လိုတာ ဖြည့်ပါ၊ ပိုတာ နုတ်ပါ၊ မှားတာပြင် ပါ"
အားလုံး အောင်မြင်ကြပါစေ"
Credit: ဦးစိန် ဦး
..................
..................
[3] စိတ်၏ အညစ်အကြေးများကို ဖယ်ရှားခြင်း
{ အမေး နှင့် အဖြေများ} စ_ ဆုံး
==============================
(၁) စိတ်ညစ်နွမ်းခြင်း၏ အပြစ်နှင့် စိတ်စင်ကြယ်သန့်ရှင်းခြင်း အကျိုးကိုဖော်ပြပါ။
A; စိတ်ညစ်နွမ်းခြင်း၏ အဖြစ်များမှာ-
စိတ်ညစ်နွမ်းလျင် အခြေအနေဆိုးကိုရင်ဆိုင်ရမည်။
စိတ္တေ သံကိလိဋ္ဌေ ဒုဂ္ဂတိ ပါဋိကင်္ခါ " အပါယ်ငရဲကျနိုင်သည်။
စိတ်စင်ကြယ်သန့်ရှင်းခြင်း၏ အကျိုးမှာ-
စိတ္တေ ဝိသုဒ္ဓေ သုဂတိ ပါဠိင်္ခါ " စိတ်သန်းရှင်းစင်ကြယ်လျင် သုဂတိဘုံ ရောက်နိုင်သည်။ ချမ်းသာသုခ ဖြစ်နိုင်သည်။
အချုပ်ဆိုရသော် - စိတ်ညစ်နွမ်းလျင် ဒုက္ခရောက်နိုင်ပြီး
စိတ်ဖြူစင် လျင် ချမ်းသာသုခ ရနိုင်ပါသည်။
... _____ _____ _____ _____ ______ ........
..
(၂) ဗုဒ္ဓဝါဒသည် Idealism နာမ်သာအရှိတရားလား?' meterialism ရုပ်သာ အရှိတရားလား? ရှင်းပြခဲ့ပါ။
A;ဗုဒ္ဓဝါဒသည် Idealism နာမ် သာ အရှိတရား မဟုတ်ပါ။ meterialism ရုပ်သာ အရှိတရားလည်း မဟုတ်ပါ။
ဗုဒ္ဓသည် စိတ်သာရှိသည်ဟု မဟောခဲ့" စိတ်ကို ဖြူစင်အောင် လုပ်ရမယ်ဟုသာ ဟောခဲ့သည်။ ရုပ်သာ အရှိတရား မဟုတ် " ရုပ်လည်းရှိသည်-နာမ်လဲရှိသည်။
ရူပံ နိတ္တေဇံ = ရုပ်ချည်း သက်သက် သည် ဘာ အစွမ်းသတ္တိ ပါဝါမရှိ"
နာမမ္ပိ နိတ္တေဇံ = နာမ် ချည်းသက်သက်လည်း ပါဝါမရှိ"
ရုပ်နှင့် နာမ် ၂ ခုပေါင်းမှ အလုပ်ဖြစ်ကြောင်း ဟောကြားခဲ့၏။
ထို့ကြောင့် ဗုဒ္ဓဝါဒသည် နာမ်သာ အရှိတရား မဟုတ်သလို ရုပ်သာ အရှိတရားလည်းမဟုတ်ပါ။
____ ____ _____ ____ ____ _____ _____
(၃) အမှန်တရားသိအောင်လုပ်ရန် ဘာအရေးကြီးသနည်း" ဥပပမာနှင့်တကွ ရှင်းပြပါ"
A; အမှန်တရား သိအောင်လုပ်ရန် စိတ် ဖြူစင်အောင် လုပ်ရန် အရေးကြီးပါသည်။
ဥပမာ။ စိတ်သည် မှန် (ကြေးမုံ) နှင့် တူသည်။ မိမိ ကြည့်မည့် မှန်ကြည်လင်လေလေ မိမိ၏ပုံရိပ် ပီပီပြင်ပြင်မြင်ရလေ ဖြစ်သည်။
ထို့အတူ ကိုယ့်စိတ်စင်ကြယ်လေလေ မိမိ သန္တာန် ၌ ရှိသော သဘာဝတရား များကို ပီပီပြင်ပြင် မြင်ရလေ ဖြစ်သည်" တို့ကြောင့် အမှန်တရားသိအောင် စိတ်လို ကြည်လင် ဖြူစင်အောင် လုပ်ရန် အရေးကြီးပါသည်။
__________ ____ _____ _____ _____
(၄) စိတ်ကြည်လင်ရန်အတွက် အခြေခံ လုပ်ဆောင်ရမည့် အချက် ၈-ချက်ကိုအကျဉ်းမျှ တင်ပြခဲ့ပါ"
A; စိတ် ကြည်လင် ရန် အခြေခံ လုပ်ဆောင်ရမည့် အချက် ၈ ချက် အကျဉ်းမှာ -
၁။ ဟိရီ၊ ဩတ္တပ္ပ တရားကို ရှေးဦးစွာ တည်ထောင်ရမည်။
အကုသိုလ် အမှုတို့ကို ပြုရန် ရှက်တတ်၊ ကြောက်တတ်ရမည်။
၂။ ပရိသုဒ္ဓကာယသမာစာရ =ကိုယ်နှင့် ပြုရမည်.အကျင်.များ(ကာယကံအမှု) စင်ကြယ်ရမည်"
၃။ ပရိသုဒ္ဓ ဝစီသမာစာရ = နုတ်က ပြောသော ကိစ္စများ (၀စီကံမှု) စင် ကြယ်ရမည်။
၄။ ပရိသုဒ္ဓ မနောသမာစာရ= စိတ်နှင့် ပတ်သက်ပြီး (မနောကံ) စင် ကြယ်ရမည်.
၅။ ပရိသုဒ္ဓအာဇီ =အသက်မွေးမှု စင် ကြယ်ရမည်" (သမ္မာအာဇီ၀ )
၆။ ဣန္ဒြေ ယေသု ဂုတ္တဒွါရ =ဣန္ဒြေ ၆ ပါး ကို ထိန်းသိမ်းစောင့်ရှောက်ရမည်။
၇။ ဘောဇနေ မတ္တညူတာ = အစာအာဟာရကို ဆင်ခြင်တုံ တရားနှင့် စားရမည်။
၈။ ဇာဂရိယာ နုယောဂ = နိုးနိုးကြားကြား ကြိုးစားရမည်"
တို့ဖြစ်ပါသည်"
____ ____ ___ ____ __ _____ ........
(၅) အရေးကြီးသော အညစ်အကြေး (နိ၀ရဏ) ၅-မျိုးကို ဖော်ပြပြီး 'ဘာကြောင့် အရေးကြီးကြောင်း ဖြေဆိုခဲ့ပါ။
A; အရေးကြီးသော အညစ်အကြေး (နီဝရဏ) ၅-မျိုးမှာ-
၁။ ကာမစ်ဆန်ဒ နီဝရဏ
၂။ ဗျာပါဒ နီဝရဏ
၃။ ထိန၊ မိဒ္ဓ နီဝရဏ
၄။ ဥဒ်ဒိစ်စ၊ ကုက်ကုစ်စ နီဝရဏ
၅။ ဝိစိကိစ္ဆိ နီဝရဏ တို့ ဖြစ်ပါသည်။
ထို နီဝရဏ တရားတို့သည် စိတ်ကို ပူပင် ဆင်းရဲစေတတ်ပြီး ပညာဉာဏ် များကို အားပျော့စေသော ကြောင့်
ဖယ်ရှားပစ်ရန် လိုအပ်သည့် အရေးကြီးသော အညစ်အကြေးများဖြစ်ပါသည်။
___ ____ _____ _____ ____ _____ _____ ...
(၆) အဘိဇျွံ လောကေ ပဟာယ " တွင် ပါသော လောက သည် ဘာကိုဆိုလိုသနည်း "
A; အဘိဇျွံ လောကေ ပဟာယ " တွင် ပါသော လောက သည် ဥပါဒါနက္ခန္ဓာ ၅-ပါး ကိုဆိုလိုသည်။
--------------------------------
(၇) ဥပါဒါနက္ခန္ဓာ-၅ ပါး ဆိုသည်မှာ ဘာကို ခေါ် သနည်း"
A; ဥပါဒါနက္ခန္ဓာ-၅ ပါး ဆိုသည်မှာ တဏှာ၊ဒိဋ္ဌိ တဲ့ဖြင့် စွဲလန်းပြီး သိမ်းပိုက်ထားသောခန္ဓာ (၅)ပါး ကို ခေါ်သည်။
တဏှာဒိဋ္ဌိတို့ဖြင့် စွဲလန်းပြီး တဏှာဒိဋ္ဌိများ ဖြစ်ပေါ်နေသော ခန္ဓာ (၅)ပါး၊ ဖြစ်ပေါ်နိုင်သော ခန္ဓာ (၅)ပါး ကို ခေါ်ပါသည်"
~~~~~~~~~~~~~~~~~~~~~~~
(၈) အရပ်ပြော မနောကံ အရာမှာ ပါသော အဘိဇ္ဈာ (သူတစ်ပါးပစ္စည်းကိုယ်.ပစ္စည်းဖြစ်ခြင်မှုလောဘ) နှင့် အဘိဇ္ဈံ လောကေ ပဟာယ ၌ ဆိုလိုသော အဘိဇ္ဈာ မတူပုံကို ရှင်းပြခဲ့ပါ။
A; အရပ်ပြော မနောကံ အရာမှာ ပါသော အဘိဇ္ဈာ (သူတစ်ပါးပစ္စည်းကိုယ်.ပစ္စည်းဖြစ်ခြင်မှုလောဘ) သည်
ဝိသမ လောဘ ဖြစ်ပြီး
အဘိဇ္ဈံ လောကေ ပဟာယ ၌ ဆိုလိုသော အဘိဇ္ဈာ သည် မျက်စိဖြင့် အဆင်းအာရုံတစ်ခုကို မြင်ပြီး တိုအာရုံပေါ် တွေး၏။ ကြိုက်လျင် လိုချင်လိုက်တာ ဟုတွေး၏။
နုတ်ဖြင့် ပြော၏။ နောက်ဆုံး ရအောင် ကြိုးစား၏။ ဤကဲ့သို့သော တဏှာ မျိုး၊ ကာမစ္ဆန္ဒ ကို ဆိုလိုသည်။
~_~_~~~~~~~~~~~~~~~~~~
(၉) ကာမစ္ဆန္ဒ ပယ်ရန် အကြောင်းတရား ၆-မျိုး ကို ဖြေဆိုပါ။
A; ကာမစ္ဆန္ဒ ပယ်ရန် အကြောင်းတရား ၆-မျိုး မှာ -
၁။ အသုဘ နိမိတ်ကို မှတ်ယူရမည်။
၂။ အသုဘ ဘာ၀နာကို ပွားရမည်"
၃။ ဣန္ဒြေကို ထိန်းသိန်းစောင့်ရှောက်ရမည်"
၄။ အစာအဟာရနှင့် ပတ်သက်၍ အတိုင်းအတာ ကို သိရမည်။
၅။ မိတ်ကောင်းဆွေကောင်း ရှိရမည်။
၆။ သင့်လျော် လျောက်ပတ်သော တရားစကားကို နာကြားရမည်။
တို့ ဖြစ်ပါသည်"
<စာမျက်နှာ ၃၈ >
~~~~~~~~~~~~~~~
(၁၀) ဗျာပါဒ ပယ်ရန် အကြောင်းတရား ၆-မျိုး ကို ဖြေဆိုပါ။
A; ဗျာပါဒ ပယ်ရန် အကြောင်းတရား ၆-မျိုး မှာ -
၁။ မေတ္တာ နိမိတ် အာရုံယူရမည်။
၂။ မေတ္တာ ဘာ၀နာ ပွားရမည်ဖ
၃။ ကံသာလျင် ကိုယ်ပိုင်ရှိသည်ဟု ဆင်ခြင်စဉ်းစားရမည်
၄။ မေတ္တာ၏ သဘော၊ ဒေါသ၏အပြစ်တို့ကို ဆင်ခြင်စဉ်းစားပေး ရမည်။
၅။ မိတ်ကောင်းဆွေကောင်း ရှိရမည်။
၆။ သင့်လျော် လျောက်ပတ်သော တရားစကားကို နာကြားရမည်။
တို့ ဖြစ်ပါသည်"
<စာမျက်နှာ ၄၀-၄၁ >
~~~~~~~~~~~~~~~~~~~~~~
(၁၁) ထိန၊ မိဒ္ဓ ပယ်ရန် အကြောင်းတရား ၆-မျိုး ကို ဖြေဆိုပါ။
A; ထိန၊ မိဒ္ဓ ပယ်ရန် အကြောင်းတရား ၆-မျိုးမှာ-
၁။ ဗိုက်တင်းအောင် အလွန်အကျွံမစားရ "
၂။ ဣရိယာ ပုတ် ပြောင်းပေးရမည်။
၃။ အလင်းရောင်ကို နှလုံးသွင်းပေးရမည်"
၄။ အဆောက်အဦ အပြင်ဘက် ထွက်နေရမည်
၅။ ။ မိတ်ကောင်းဆွေကောင်း ရှိရမည်။
၆။ သင့်လျော် လျောက်ပတ်သော တရားစကားကို နာကြားရမည်။
တို့ ဖြစ်ပါသည်"
<စာမျက်နှာ ၄၄-၄၅>"
~~~~~~~~~~~~~~~~~~
(၁၂) ဥဒ္ဒစ္စ၊ ကုက္ကုစ္စ ပယ်ရန် အကြောင်းတရား ၆-မျိုး ကို ဖြေဆိုပါ "
A; ဥဒ္ဒစ္စ၊ ကုက္ကုစ္စ ပယ်ရန် အကြောင်းတရား ၆-မျိုးမှာ-
၁။ ဗဟုတုတ ရှာ၊ သိချင်တာများကိုရှာဖွေ စူးစမ်း နေရမည်။
၂။ မေးခွန်းမေးပါ။ မေးတတ်သော အလေ့အထရှိရမည်
၃။ ဆုံးမသည့် အချက်အလက်များ၊ စည်းမျဉ်း စီးကမ်းများ ကျွမ်း ကျင်အောင် လုပ်ရမည်"
၄။ အသက်ကြီးသူ' လေးစားလောက်သည့် ပုဂ္ဂိုလ်များကို ဆည်းကပ်ရမည်"
၅။ မိတ်ကောင်းဆွေကောင်း ရှိရမည်။
၆။ သင့်လျော် လျောက်ပတ်သော တရားစကားကို နာကြားရမည်။
တို့ ဖြစ်ပါသည်"
<စာမျက်နှာ ၄၆-၄၇>"
~~~~~~~~~~~~~~~~~~~~
(၁၃) ဝိစိကိစ္ဆာ ပယ်ရန် အကြောင်းတရား ၆-မျိုး ကို ဖြေဆိုပါ။
A; ဝိစိကိစ္ဆာ ပယ်ရန် အကြောင်းတရား ၆-မျိုး မှာ -
၁။ ဗဟုသုတ ဆည်းပူးရမည်"
၂။ ပရိပုစ္ဆာ ကထာ-မေးမြန်းတတ်ရမည်"
၃။ စည်းမျဉ်း စည်းကမ်း နှင့် ပတ်သက်ပြီး ကျွမ်း ကျင်လိမ္မာမှုရှိရမည်"
၄။ ဆုံးဖြတ်တတ်မှု အလေ.အကျင့်ရှိရမည်ဖ
၅။ မိတ်ကောင်းဆွေကောင်း ရှိရမည်။
၆။ သင့်လျော် လျောက်ပတ်သော တရားစကားကို နာကြားရမည်။
တို့ ဖြစ်ပါသည်"
<စာမျက်နှာ ၄၉-၅၁ >
~_~_~~~~~~~~~~~~~~~~~
(၁၄) နိ၀ရဏတရား တစ် ပါးစီသည် မည်သည် အခြင်းအရာ' အခြေအနေနှင့် တူကြောင်း မှတ်သားရမည်. ဥပမာများကိုဖြေဆိုပါ "
A;နိ၀ရဏတရား တစ် ပါးစီသည် အောက်ပါ အခြင်းအရာ' အခြေအနေနှင့် တူကြောင်း မှတ်သားရပါမည်။
၁။ ကာမစ္ဆန္ဒ နီဝရဏ သည် ကြွေး နှင့် တူ၏။
၂။ ဗျာပါဒ နီဝရဏ သည် ရောဂါ နှင့် တူ၏။
၃။ ထိန၊ မိဒ္ဓ နီဝရဏ သည် ထောင်ကြီး နှင့် တူ၏။
၄၊ ခုဒ္ဒစ္စ၊ ကုက္ကုစ္စ နီဝရဏ သည် ကျွန်ဘဝ နှင့်တူ၏။
၅။ ဝိစိကိစ္ဆာ နီဝရဏ သည် ဂန္တာရ ခရီးကြီး နှင့် တူ၏ "
~~~~~~~~~~~~~~~~~~~~~~
(၁၅) ကာမစ္ဆန္ဒ သည် အဘယ်ကြောင်. ကြွေး နှင့် တူသည်ကို ရှင်းပြပါ။
A; ကာမစ္ဆန္ဒ သည် ကြွေးနှင့် တူ၏။ အဘယ်ကြောင့်ဆိုသော်- ကြွေးယူထားပြီး ပြန်မဆပ်နိုင်သော သူသည် ကြေးရှင်ကို ကျေနပ်အောင် လုပ်ပေးရ၏။ ကြွေးရှင်ကိုကြောက်နေရ၏။ ထို့အတူ က ကာမစ္ဆန္ဒ ဆိုသောကာမအာရုံ၌ တွယ်တာသော သူသည် အရာရာကို အရှုံးပေးရ၏။ ကြွေးရှိနေသမျှ စိတ်မအေးရ"ကြွေးဆပ်နိုင်ပြီးမှသာ စိတ်ချမ်းသာရသကဲ့သို့ ကာမစ္ဆန္ဒ ကို ဖယ်ရှားလိုက်လျှင် ကြွေးကင်းသွားသကဲ့သို့ ၀မ်းသာမှုမျိုး ခံစားရမည်" တို့ကြောင်.. ကာမစ္ဆန္ဒသည် ကြွေးနှင့် တူပါသည်"
~~~~~~~~~~~~~~~~~=
(၁၆) ဗျာပါဒ သည် အဘယ်ကြောင်. ရောဂါ နှင့် တူသည်ကို ရှင်းပြပါ။
A; ဗျာပါဒ သည် ရောဂါနှင့်တူ၏။ အဘယ်ကြောင့်ဆိုသော်- ရောဂါ ရနေသူသည် စားမဝင် စားလို့လည်း မကောင်း စိတ်ထဲ၌ လည်း မပျော်ရွှင်။ စိတ်ဆိုးနေသူမှာလည်း အစာစားရတာ အရသာ မရှိ။
ရောဂါ ပျောက်၍ ကျန်းမာလာလျှင် စားချင်၏ "စားရတာ အရသာရှိ၏။ပျော်ရွှင်ရ၏။
ထို့အတူ ဗျာပါဒ ဒေါသကို ဖယ်ရှားလိုက်လျှင် ရောဂါကင်းစင် ကျန်းမာသူကဲ့သို့ ပျော်ရွှင်ရ၏။ ထို့ကြောင့် ဗျာပါဒ သည် ရောဂါနှင့် တူပါသည်"
~~~~~~~~~~~~~~~
(၁၇) ထိန၊မိဒ္ဓ သည် အဘယ်ကြောင်. ထောင် နှင့် တူသည်ကို ရှင်းပြပါ။
A; ထိန၊ မိဒ္ဓသည် ထောင်ကြီးနှင့် တူပါသည်။ အဘယ်ကြောင့် ဆိုသော်- ထောင်ကျနေသူ သည် ပွဲလန်းသဘင် ၌ပါဝင်ခွင့်မရ။ ခံစားခွင့်မရှိ"
ငိုက်မည်းနေသူသည် ကောင်းတာတွေ မသိ။မခံစားရ။
ထောင်မှ လွတ်လာသူသည် ပျော်စရာ အားလုံး ခံစားနိုင်ပြီး ဝမ်းမြောက်ရသကဲ့သို့ ထိန၊ မိဒ္ဓ ဖယ်ရှားလိုက်လျင် ဝမ်းမြောက်ဝမ်းသာဖြစ်စရာများ ခံစားရပေမည်။ ထို့ကြောင့် ထိန မိဒ္ဓ သည် ထောင်နှင့် တူပါသည်"
~~~~~~~~~~~~~==
(၁၈) ဥဒ္ဒစ္စ၊ ကုက္ကုစ္စ သည် အဘယ်ကြောင်. ကျွန် နှင့် တူသည်ကို ရှင်းပြပါ။
A; ဥဒ္ဒစ္စ၊ ကုက္ကုစ္စ သည် ကျွန်ဘဝ နှင့်တူ၏။ အကယ်ကြောင့်ဆိုသော် ကျွန်ဘဝ သည် ဘာမျ မလွတ်လပ်' သခင်ခိုင်းရာ လုပ်ရ၏။ ကိုယ်ကိုယ်ကို မပိုင်၊ ခံစားခွင့်မရှိ။ ထိုအတူ ဥဒ္ဒစ္စ၊ ကုက္ကုစ္စ လွှမ်းမိုးသောသူမှာ စိတ်၏ ကျေးကျွန်ဖြစ်၏။ တရားအရသာ မခံစားရ"
ဥဒ္ဒစ္စ'ကုက္ကုစ္စ ဆိုသော စိတ်ပျံ့လွင်မှု 'ပူပန်မှု များ ဖယ်လိုက်လျင် ကျွန်ဘဝမှ လွတ်သကဲ့သို့ ကိုယ်တိုင် ရွေးချယ်ခွင့် 'လွတ်လပ်ခွင့်ရကာ ဝမ်းမြောက်ရ၏ "တို့ကြောင့် ဥဒ္ဓစ္စ' ကုက္ကုစ္စ သည် ကျွန်ဘဝနှင့် တူ၏ "
___________________________
(၁၉) ဝိစိကိစ္ဆာ သည် အဘယ်ကြောင်. ကန္တာရခရီး နှင့် တူသည်ကို ရှင်းပြပါ။
A; ဝိစိကိစ္ဆာ သည် ကန္တာရခရီးနှင့်တူ၏။ အကယ်ကြောင့်ဆိုသော် ထိုကန္တာရခရီးကား အန္တရာယ်များ၏. လူဆိုးသူခိုး စားပြများ ရှိ၏။ ထိုခရီးကို ဖြတ်သန်းသွားရသည့် ခရီးသည်သည် မိမိပစ္စည်းဥစ္စာ အလုခံရမှာကြောက်ရ၏ ဘယ်နား ဘာတွေဖြစ်မလဲဟု အမြဲတမ်း သံသယ ဖြင့်မအေးချမ်း"
ဝိစိကိစ္ဆာ ရှိနေသူမှာလည်း သံသယများ ဖြင့်သွားနေရပြီး မအေးချမ်း"ထိုကန္တာရ ခရီးမှ လွန်မြောက်လျင်ကား ကြောက်စရာ သံသယဖြစ်စရာ မလိုတော့ စိတ်အေးချမ်းစွာသွားနိုင်ပေပြီ။ ထို့အတူ ဝိစိကိစ္ဆာ ဖယ်ရှားလိုက်လျင် သံသယများ မလွမ်းမိုးတော့ 'စိတ်အေးချမ်းသာသွား၏ ထို့ကြောင့် ဝိစိကိစ္ဆာထည် ပစ္စည်းဥစ္စာများနှင့် ကန္တာရခရီးဆိုးကို သွားရတာနှင့်တူ၏။
.~~~~~~~~~~~~~~~~~~
(၂၀) အဘယ်ကြောင့် နီဝရဏ တရားများကို ဖယ်ရှားဖို့ လိုအပ်ပါသနည်း။
A; နီ၀ရဏ တရားများကို ဖယ်ရှားရန်လိုအပ်ရခြင်းမှာ..
နီ၀ရဏ တရားတို့သည် -
၁။ "စေသတော ဥပက္ကိလေသ' စိတ်ကို ညစ်နွမ်းစေတတ် ပူလောင်စေတတ် နှိပ်စက်တတ်၏။ နီ၀ရဏ တရားတို့ ဖြစ်လျင် စိတ်မချမ်းသာ စိတ်ဆင်းရဲရ၏။
၂။ ပညာယ ဒုဗ္ဗလီ ကရဏ ". အသိပညာကို အားပျော့စေ၏။ မှေးမှိန်စေ၏ ။
ထို့ကြောင့် နီဝရဏ တရားများကို ဖယ်ရှားရန် လိုအပ်ခြင်းဖြစ်ပါသည်။
< နှာ- ၅၁-၅၂ >
~~~~~ ~~~~ ~~~~ ~~~~ ~_~_~~
(၂၁) သီလ၏ အနီးကပ်ဆုံး အကြောင်း တရား ၂-ပါးကား အဘယ်နည်း။ထို-၂ ပါး၏ အဓိပ္ပါယ် အမှန်ကို အရပ်ပြော သဘောနှင့် ကွဲအောင် ဖြေဆိုခဲ့ပါ"
A: သီလ၏ အနီးကပ်ဆုံး အကြောင်း တရား နှစ်ပါးမှာ-
ဟိရီ နှင့် သြတ္တပ္ပ တို့ ဖြစ်ပါသည်။
ဟိရီ ရှက်ခြင်းသည် အရပ်ထဲ၌ ပြောနေကြသော မလုံမခြုံဝတ်ခြင်း၊ ဆဲဆိုရန် ဖြစ်ခြင်း၊ လူကြားထဲ စကားပြောရမှာရှက်ခြင်းတို့ မဟုတ်ပဲ အကုသိုလ်ဖြစ်စေသော ကာယ၊ ဝစီ၊ မနော ဒုစရိုက် တို့ကို လုပ်ရမှာ ပြောရမှာ ကိုယ်.သန္တာန်မှာ ဖြစ်မှာကို ရှက်ခြင်း ရွံခြင်း မုန်းခြင်း ကိုဆိုလိုသည်။
သြတ္တပ္ပ ကြောက်ခြင်း သည် အရပ်ထဲ ပြောဆိုနေသော သူရဲ ကြောက်၊ သူခိုး ကြောက်၊ လူကြားထဲ သွားရမှာကြောက်ခြင်းမျိုး မဟုတ်ပဲ အကုသိုလ်များ မိမိသန္တာန်မှာ ဖြစ်မှာ ဒုစရိုက်မှုများကို ပြုရမှာ ပြောရမှာ ကို ကြောက်တာ ရွဲ့တာ ဖြစ်ပြီး၊ အကုသိုလ် အကျိုးဆက်ကို ကြောက်ရွံ့ခြင်းကို ဆိုလိုပါသည်။
~~~~~~~~~~~~~~~~~~~~~~~
(၂၂) ကာယကံ ကို မည်သို့ စင်ကြယ်စေရမည် နည်း။
A; ကာယကံ ကိုစင်ကြယ်စေရန်
၁။ ပါဏာတိပါတ -သူများ အသက်သတ်ခြင်းမှရှောင်ခြင်း သာမက
သတ္တဝါတွေအပေါ် သနားကြင်နာခြင်း
၂။ အဒိန္နာဒါန -သူများ ဥစ္စာ ခိုးယူခြင်းမှ ရှောင်ခြင်း၊ မတရား နည်းဖြင့် မယူခြင်း
၃။ ကာမေသုမိစ္ဆာစာရ မှ ရှောင်ခြင်း၊ ရှောင်ရုံသာမက
စိတ်နှင့် တောင် မပြစ်မှားအောင် ဂရုစိုက်ခြင်း" တို့ ဖြစ်ပါသည်။
~~~~~~~~~~~~~~~~~~~~
(၂၃) ဝစီသမာစာရ (၀စီကံ စင်ကြယ်အောင်) ရှောင်ရန်၊ ဆောင်ရန်များကို ဖော်ပြခဲ့ပါ"
A; ၀စီကံ စင် ကြယ်စေရန် ရှောင်ရန် ဆောင်ရန်မှာ -
၁။ မုသာဝါဒ -လိမ်ညာ စကားမပြောပဲ မှန်တာကိုသာပြောခြင်း
၂။ ပိသုဏဝါစာ- သူတပါးတို့မတည်.အောင် ဂုံးစကား သွေးခွဲစကား မပြောပဲ စေ့စပ်ညီညွတ်စကားသာ ပြောခြင်း
၃။ ဖရုသဝါစ -ဆဲရေးတိုင်းထွာ ရိုင်း ပြ စကားမပြောပဲ . ယဉ်ကျေးသော စကားသာ ပြောဆိုခြင်း
၄။ သမ္မပ္ပလာသ_ အကျိုးမဲ့ အချည်းနှီး စကားကို မပြောပဲ အကျိုးရှိသော တရားစကားမျိုးကိုသာ ပြောခြင်း
တို့ဖြစ်ပါသည်။
~~~~ ~~~~ ~~~~ ~~~ ~~~~
(၂၄) မနောကံ စိတ် စင်ကြယ်အောင် မိမိသန္တန်၌ မဖြစ်စေရမည်.. တရားများကို ဖော်ပြပါ။
A; မနောကံ စိတ်စင်ကြယ်စေရန်မှာ -
၁။ သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်လိုသော လောဘ (အဘိဇ္ဈာ) အတွေး မတွေးမကြံစည်ရ "
၂။ တဖက်သား ဒုက္ခရောက် ပျက်စီး သွားရင်ကောင်းမှာပဲ ဆိုသော ဒေါသ (ဗျာပါဒ) အတွေး မျိုး မိမိသန္တာန်မှာမဖြစ်စေရ။
၃။ ကံ၏အကျိုး ကိုငြင်းပယ်သော နတ္ထိကဝါဒ'
ကံကို ငြင်းပယ်သော အကရိယ ဝါဒ'
ကံရော အကျိုး ပါ ငြင်းပယ်သော အဟေတုက ဝါဒ
(မိစ္ဆာဒိဋ္ဌိ ) အယူမျိုး မိမိသန္တာန်မှာ မရှိစေရ တို. ဖြစ်ပါသည်"
~~~~~~~~~~~~~~~~~~~~
စိတ်၏ အညစ်အကြေးများကို ဖယ်ရှားခြင်း
{ Q&A 25-26-27-28-29end }
(၂၅) ထိန်းသိမ်းစောင့်ရောက်ရန်လိုသော ဣန္ဒြေ ၆ ပါး ကို ဖော်ပြပြီး မည်သို့ ထိန်းသိမ်းစောင့်ရှောက်ရမည်ကို အကျဉ်းမျှ ရှင်းပြခဲ့ပါ"
A; ထိန်းသိမ်းစောင့်ရောက်ရန်လိုသော ဣန္ဒြေ ၆ ပါး မှာ -
၁။ စက္ခုန္ဒြေ
၂။ သောတိန္ဒြေ
၃။ ဃာနိန္ဒြေ
၄။ ဇိဝှိန္ဒြေ
၅။ ကာယိန္ဒြေ
၆။ မနိန္ဒြေ တို့ ဖြစ်ပါသည်။
စက္ခုန္ဒြေ ထိန်းသိမ်းခြင်းမှာ - မျက်စိက ကြည့်ချင်တာမကြည့်ရဘူး ဟုမဆိုလို၊ မျက်စိက ကြည့်စရာကြည့်ပြီး လောဘ၊ ဒေါသ မဖြစ်စေရန် ထိန်းသိမ်း ခြင်းဖြစ်သည်။
မျက်စိက နှစ်သက်စရာ မြင်လျင် လောဘဖြစ်လိုက်၊ မုန်းစရာ မြင်လျင် ဒေါသဖြစ်လိုက်၊ အသိညဏ်ကင်းမဲ့လျင် မောဟဖြစ်လိုက် နှင့် စက္ခု တံခါးပေါက်မှ အကုသိုလ်များ မဖြစ်အောင် သတိဖြင့် ဆို့ပိတ်ပြီး အသိပညာနှင့် ဖယ်ရှားပစ်လျင် စက္ခုန္ဒြေကို စောင့်ရှောက်ခြင်း ဖြစ်ပါသည်။
ထို့အတူ နား၊ နှာခေါင်း ၊လျှာ ၊ကိုယ် ၊စိတ် တို့ကိုလည်း
မျက်စိနည်းတတူ စောင့်ရှောက်ရပါမည် ။
~~~~ ~~~~ ~~~~ ~~~~ ~~~~
(၂၆) မျက်လွှာချပြီး (တောင်ကြည့်မြောက်ကြည့်-မကြည့်ပဲ) နေသူကို ဣန္ဒြေရှိသည်ဟု ဆိုနိုင်ပါသလား၊ တရားသဘောဖြင့် ဝေဖန်ဆွေးနွေးဖြေဆိုခဲ့ပါ။
A; မျက်လွှာချပြီး (တောင်ကြည့်မြောက်ကြည့်-မကြည့်ပဲ) နေသူကို ဣန္ဒြေရှိသည်ဟု ဆိုနိုင်ရန်မှာ မျက်လွှာချထား၍ မမြင်ရသော်လည်း နားမှ အသံ' နှာခေါင်းမှ အနံ့' လျှာမှ အရသာ 'ခန္ဓာကိုယ်မှ အထိအတွေ့၊ စိတ်မှ စိတ်ကူး များကို အကြောင်း ပြု၍ လောဘ၊ ဒေါသ စသော ကိလေသာများ မဝင်အောင် သတိ၊ ပညာ ဉာဏ်တို့ဖြင့် ပိတ်ဆို့တားဆီး နေပါက ဣန္ဒြေရှိသူဟု ခေါ်နိုင်ပါသည်။
မျက်စိ၊ နား၊ နာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တံခါးပေါက်များကို အကုသိုလ်တရားများ မဝင်အောင် သတိ၊ အသိပညာ တို့ဖြင့် မစောင့်ရှောက်ပါက မျက်လွှာချထားရုံဖြင့် ဣနြေရှိသူ ဟု မဆိုနိုင်ပါ။
~~~~ ~~~~ ~~~~ ~~~~ ~~~~
(၂၇) အစာစားရခြင်း၏ မှန်ကန်သော ရည်ရွယ်ချက် ကို ဖော်ပြပြီး မည်သို့ စားသင့်ကြောင်း တင်ပြခဲ့ပါ။
A: အစာစားရခြင်း၏ မှန်ကန်သော ရည်ရွယ်ချက်မှာ -
"သဗ္ဗသတ္တာ အာဟာရ ဋ္ဌိတိကာ " ဆိုသဖြင့် အာဟာရ ကြောင့်ခန္ဓာကိုယ် တည်တံ့၍ အသက်ရှည်ဖို့ အလုပ်လုပ်နိုင်ဖို့ စားခြင်း ဖြစ်ရပါမည်"
စားသင့်ပုံမှာ -
ကြိုက်လို့စားတာမဟုတ်ပဲ စားသင့်လို့စားတာ ဖြစ်ရမည်"
အတိုင်း အတာ နှင့် စားရမည်"
~~~~ ~~~~ ~~~~ ~~~~ ~~~~
(၂၈) ကျွန်ုပ်တို့သည် မသေခင်လည်း " အသုဘ " ဖြစ်ကြောင်း သဘောပေါက်အောင် ရှင်းပြခဲ့ပါ။
A; ကျွန်ုပ်တို့သည် မသေခင်လည်း " အသုဘ " ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်- အ-သုဘ ဆိုအပ်မှာ လူသေကောင်မဟုတ် " မတင်.တယ်ခြင်း သဘောဖြစ်သည်။
အသက်ရှင်စဉ် ကျွန်ုပ်တို့ နေ့စဉ်ပြုနေကျ ဖြစ်သော မျက်နှာသစ် ရေချိုး အညစ် အကြေး သုတ်သင် ခြင်းတို့ကို မပြုလုပ်နေကြည့်ပါက ရက်အနည်းငယ်အတွင်း ခန္ဓာကိုယ် သည် အညစ်အကြေးများဖြင့် မသတီစရာဖြစ်ကာ မတင့်တယ် နိုင်တော့ပေ။ ထို့ကြောင့် ကျွန်ပ်တို့သည် ရှင်စဉ် မသေခင် ၌လည်း အသုဘ များဖြစ်ပါသည်။
~~~~~ ~~~~ ~~~ ~~~~ ~~~~
(၂၉) " အမေး နွားကျောင်းသား အဖြေ ဘုရားလောင်း" ဆိုသော စကားရပ်ကို ဝေဖန်သုံးသပ်ပြခဲ့ပါ။
A; အမေး နွားကျောင်းသား အဖြေ ဘုရားလောင်း" ဆိုသော စကားရပ်ကို ဝေဖန်သုံးသပ်ရသော် _
ထိုစကားပုံသည် မေးရတာ လွယ်သည် နွားကျောင်းသား တောင် မေးတတ်သည်။ ဖြေဆိုရန်ကား ခက်ခဲလှသည် ဘုရားလောင်းမှသာ ဖြေနိုင်သည်ဟု ဆိုလိုဟန်ရှိသည်။ အမေး လွယ်သော်လည်း အဖြေခက်သည်။
မေးရန် လွယ်သည် ဆိုသော်လည်း ပရိပုစ္ဆကထာ မေးမြန်းတတ်ခြင်းသည် သာမာန် ပုဂ္ဂိုလ် မမေးတတ်"
မေးခွန်းထုပ်နိုင်သော အရည်အချင်းသည် မသေးလှ။
နွားကျောင်းသား မေးသလို အဆင့်မရှိသော အမေးများကား မေးရန် လွယ်၏။ အဆင့်ရှိသော တရားဓမ္မ နှင့် ပတ်သက်သော အမေးမျိုး မေးတတ်ရန် မလွယ်လှပေ။ အဆင့်ရှိသော မေးခွန်း အတွက် ဘုရားလောင်း ပညာရှိ၏ အဖြေကား တန်ဖိုးရှိလှပေမည်။
++++++++++++++++++++++++++++end.
လွယ်ကူစွာ လေ့လာနိုင်ရန် အတွက်
နမူနာ အမေးကို နမူနာအဖြေများအဖြစ်သာ ဖြေပေးခြင်းပါ။
ဤအတိုင်း တိုက်ရိုက်မလွှဲဖြေရမည်ဟု မဆိုလိုပါ"
မေးခွန်း ဆိုလိုရင်းကိုကြည့်၍ ဖြေဆိုပါ "
လိုတာထည့်ပါ၊ ပိုတာ နုတ်ပါ၊ မှားတာပြင် ပါ"
အားလုံး အောင်မြင်ကြပါစေ"
Credit: ဦးစိန်ဦး
..........................
.........................
[4]မေတ္တသုတ် အနှစ်ချုပ်
အမေး အဖြေ (စ -ဆုံး)
[4] မေတ္တာသုတ် အနှစ်ချုပ် မေးခွန်းများ
Q1: မည်သည့် ကာကွယ်နည်းစနစ်များ သုံး၍ ပရိတ်တရားတော်များကို ဟောထားပါသနည်း။
A 1; မေတ္တာကို အသုံးပြု၍ ကာကွယ်သောနည်းစနစ် နှင့် သစ္စာကို အသုံးပြု၍ ကာကွယ်သော နည်းစနစ် တို့ဖြင့် ပရိတ်တရားတော်များကို ဟောထားပါသည်။
~_~_~_~~~~~ ~~~ ~~~ ~~~~
Q2: ကာယကံမေတ္တာ၊ ဝစီကံ မေတ္တာ၊ မနောကံ မေတ္တာ (၃)မျိုး ကို ရှင်းပြပါ။
A2; ကာယကံမေတ္တာ ဆိုသည်မှာ လမ်းပေါ်သွားလာနေသူတို့. ဒုက္ခမရောက်စေရန် လမ်းပေါ် ရို အမှိုက် ဆူးညှောင့်ခလုတ် များကို ဖယ်ရှားပေးခြင်း၊ အများ သွားလာရာ နေရာ ကျောင်းကန်တို့၌ အမှိုက်လှဲပေးခြင်း
စသည်တို့ဖြင့် အများ ဒုက္ခမရောက်စေခြင်' အများ ချမ်းသာစေချင် ခြင်းကို ကိုယ်အမှုဖြင့် ပြုလုပ်သော မေတ္တာ မျိုးဖြစ်သည်။
ဝစီကံ မေတ္တာ ဆိုသည်မှာ သတ္တဝါတွေ ကျန်းမာချမ်းသာပါစေ ဟု နှုတ်မှ ရွတ်ဆိုခြင်း၊ တဦးနှင့်တစ်ဦး စကားကို မေတ္တာစိတ်ထားဖြင့် ကောင်းသောစကား သာပြောခြင်း' အကြံကောင်း ဉာဏ်ကောင်းများ ပေးခြင်း စသည်ဖြင့်
နှုတ်မှ ရွတ်ဆို ပြောဆိုသော မေတ္တာမျိုး ဖြစ်သည်။
မနောကံ မေတ္တာ ဆိုသည်မှာ စိတ်ဖြင့်မေတ္တာ ဘာ၀နာ ပွားများအားထုပ်ခြင်းဖြစ်သည်။
~~~~ ~~~~ ~~~~ ~~~~ ~~~~
Q3: မေတ္တသုတ်သည် အန္တရာယ်ကင်းအောင် ရွတ်ရ နာရ မည့် တရားသက်သက်လား" ။ မိုးကုတ် ဆရာတော်ဘုရားကြီး စကားကို ကိုးကား၍ ရှင်းပြခဲ့ပါ။
A3: မေတ္တသုတ်သည် အန္တရာယ်ကင်းအောင် ရွင် ရ နာရမည့် တရားသက်သက်မဟုတ်ပါ။ ပွားများရမည့်တရား ဖြစ်ပါသည်။ မေတ္တာပွားခြင်းသည် သမထကမ္မဌာန်း၌ ပါဝင်သည်။
မိုးကုတ်ဆရာတော်ကြီးက " တို့လူတွေက သောက်ဆေးကို လိမ်းဆေးလုပ်နေကြတယ်" ဟု ပြောခဲ့ခြင်းမှာ ပွားရမည်.တရားကို ရွတ်ရုံ နာယူရုံသာ ပြုနေသူများကို ပြောခဲ့ခြင်းဖြစ်သည်။
သောက်ရမည့်ဆေးကို လိမ်းဆေးလုပ်နေလျှင် အကျိုးသက်ရောက်မှုအားနည်းမည်။ သောက်ဆေးသည်သောက်မှသာအကျိုးများမည်။ ထို့အတူ မေတ္တာသုတ်ကို ရွတ် နေနာနေနေရုံသက်သက်မဟုတ်ပဲ အကျိုးများစေရန် မေတ္တာကိုပွားများကြရပါမည်။
~~~~ ~~~~ ~_~_~ ~~~~ ~~~~
Q4: မေတ္တာပွားခြင်း အကျိုးများ (၁၁-မျိုး)ကို စုံလင် ပြည်.စုံအောင် ဖော်ပြခဲ့ပါ။
A4; မေတ္တာပွားခြင်း အကျိုးများ(၁၁ မျိုး) မှာ
၁။ ချမ်းသာစွာ အိပ်စက်ရ၏။
၂။ ချမ်းသာစွာ နိုးထရ၏။
၃။ အိပ်မက် ဆိုးများ မမြင်မက်"
၄။ နတ်များက စောင့်ရှောက်ကြ၏.
၅။ လူအများက ချစ်ခင်၏ "
၆။ နတ်များကလည်း ချစ်ခင် ၏။
၇။ လက်နက် အဆိပ် စသည့် အန္တရာယ်များကင်း၏
၈။မျက်နှာ ကြည်လင်ရွှင်ပြ၏
၉။စိတ်တည်ကြည်၏
၁၀။ မတွေမဝေပဲ သေဆုံးရ၏
၁၁။ သေလျှင်လည်း ဗြဟ္မာဖြစ်နိုင်၏ "
တို့ ဖြစ်ပါသည်"
~~~~ ~~~~ _~_~~ ~_~_~ ~~~
Q5: အတ္ထကုသလ - အကျိုးစီးပွားလိမ္မာ ကျွမ်းကျင်မှုရှိသူနှင့် မရှိသူကို ခွဲခြားပြီး နီတိဆရာများ ပြောသော ဥပမာ ၂ ခုနှင့် ရှင်းပြပါ။
နီတိကျမ်းဆရာများ ပြောသော ဥပမာ (၂) ခုမှာ
(၁)အတ္ထကုသလ ကိုယ်ကျိုးစီးပွားလိမ္မာကျမ်းကျင်မှုရှိသူသည် တံတိုင်း စီသောသူကဲ့သို့ တဖြေးဖြေးမြင့်တက်လာသည်။ အုတ်တွေမြင့်လာလေ လူလည်း မြင့်တက်လာလေဖြစ်၏။
(၂) ကိုယ်ကျိုးစီးပွား လိမ္မာကျမ်းကျင်မှု မရှိသူသည် တွင်းတူးသောသူနှင့် တူ၏။ တဖြေးဖြေး နိမ့်ကျသွားသည်။ တွင်းနက် လေ လူလည်း အောက်ရောက်သွားလေဖြစ်၏။
^_^~~ ~~~~ ~~~~ ~~~~ ~~~~~
Q6: မေတ္တာ ဘာ၀နာ ပွားများ သူတို့ လိုအပ်သော အရည်အချင်းများ (၁၂ မျိုး)ကို အကျဉ်းမျှ ဖော်ပြခဲ့ပါ။
A6; မေတ္တာဘာ၀နာ ပွားများ သူတို့ လိုအပ်သော အရည်အချင်းများ အကျဉ်းမှာ -
၁။ သက္ကော = စွမ်းနိုင်သူဖြစ်ရမည်"
၂။ ဥဇူစ= ဖြောင့်မတ်သူဖြစ်ရမည်။
၃။ သုဥဇူ = အလွန် ဖြောင့်မတ်ရမည်"
၄။ သုဝစ = ပြောဆို ဆုံးမ လွယ်သူ ဖြစ်ရမည်။
၅။ မုဒု = နူးညံ့ သိမ်မွေ့ ယဉ်ကျေး ရမည်"
၆။ အနတိမာနီ = လွန်ကဲသောမာန်မာန မရှိရ"
၇။ သန္တုဿကော = ရှိတာ နှင့် ကျေနပ်ရောင့်ရဲမှုရှိရမည်။ ဇီဇာ မကြောင်းရ"
၈။ သုဘရောစ = မွေးမြူ လွယ်ရမည်။
၉။ အပ္ပကိစ္စ = အပိုကိစ္စ နည်းပါး ရမည်"
၁၀။ သလ္လ ဟု က ဝုတ္တိ = ပေါ့ပါးသော အသက် မွေးမှုရှိရမည်။
၁၁။ သန္တိန္ဒြိယ = ဣန္ဒြေ ငြိမ်သက်ရမည်။
၁၂။ နိပကော = အသိပညာ ရင့်ကျက်လာအောင် ကြိုးစားရမည်။ တို့ ဖြစ်ပါသည်"
~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~
Q7: မည်သို့သောမာန သည် အကုသိုလ်တရား ဖြစ်၍ မထားသင့်သင့်ကြောင်း နှင့် မည်သို့သော မာနသည်ကားထားသင့်ကြောင်းကိုလည်း ဥပမာပေးရှင်းပြခဲ့ပါ။
A7; မောက်မာလွန်းသော မာန ဖြစ်သည့် လူကြီးများကို အရိုအသေ မပေးနိုင်၊ ငါသာ အသာဆုံး ထင်ကာ ပညာ စီးပွား အလှ ဂုဏ်သတင်း နင့်ပတ်သက်ပြီး မောက်မာသော မာနသည် မထားသင့်ပါ။
ထားသင့်သောမာန မှာ ပညာရေးနှင့် ပတ်သက်ပြီး " သူတောင်တက်သေးတာပဲ ငါလည်း တတ်အောင် လုပ်မယ်"
စီးပွားရေးနှင့် ပတ်သက်၍ "သူတောင် အောင်မြင် ကြီးပွားသေးတာပဲ ငါလည်း ဖြစ်ရမယ်"
ကမ္မဌာန်း ဘာ၀နာ နှင့် ပတ်သက်ပြီး "သူတောင် ဒီလို ပေါက်ပေါက်ရောက်ရောက် ဖြစ်သေးတာ ငါလည်း ဘာလို့မဖြစ်ရမှာလဲ" သူတို့ တောင် ရဟန္တာ ဖြစ်သေးတာ ငါလည်း ဖြစ်ရမယ်" ဆိုသည်. မာနမ မျိုးကားထားသင့်၏ "
ဥပမာ- ဘုရားလောင်း သုမေဓာရသေ့သည် ဒိပင်္ကရာ မြတ်စွာဘုရားထံ တပည့်ခံကျင့်လျင် ရဟန္တာ ဖြစ်ပေမည်" သို့သော် "ငါလို စွမ်းရည်သတ္တိရှိတဲ့သူက ငါတစ်ယောက် ထည်းကိုယ်လွတ်မရုန်း" ငါကိုယ်တိုင် ဘုရားဖြစ်ပြီး သတ္တဝါတွေကို ကယ်တင်မယ်" ဆိုသော မာနကြောင့် ဘုရားဖြစ်ခဲ့၏။ ဤသို့ သော မာန မျိုးကားထားသင့် ပေသည်။
< pg 100-101 >
~~~~ ~~~~ ~~~~ ~~~~ ~~~
Q8; သန္တုဿက ကျေနပ်-ရောက် ရဲခြင်း၏ သဘောအမှန်ကို အယူ မလွှဲအောင် ရှင်းပြခဲ့ပါ။
A8; သန္တုဿက ကျေနပ်ရောင့်ရဲခြင်းသဘောအမှန်မှာ - ကိုယ်ရှိတာလေး နှင့် ကျေနပ်သည် " ကိုယ်ဟာနဲ့ကိုယ်ကျေနပ်သည်။ ဇီဇာမကြောင် ခြင်းဖြစ်သည်။လခ တစ်ထောင်ရလျင် ဒါနဲ့ပဲ ကျေနပ်ရမည်" တိုးတက်အောင် မလုပ်ရဘူးဟု ဆိုလိုသည်မဟုတ်ပါ။
<pg 102 >
~~~~ ~~~~ ~~~~ ~~~~ ~~~~
Q9; ပညာကို မည်သို့ နည်းဖြင့် ရနိုင်ပါသနည်း။ ပညာ (၃)မျိုးကို ရှင်းပြပါ။
A9; ပညာကို
၁။ တရားနာခြင်း
၂။ တရားဓမ္မကို ဆင်ခြင်စဉ်းစားခြင်း
၃။ လက်တွေ့ ကျင်.သုံးခြင်း ဘာ၀နာဖြင့် ရနိုင်ပါသည်။
ပညာ (၃)မျိုးမှာ
၁။ သုတမယ ပညာ= တရာနာခြင်း စာအုပ်စာပေများ ဖတ်ခြင်းမှ ရရှိသော ပညာ
၂။ စိန္တာမယ ပညာ = သူတစ်ပါးဆီက မဟုတ်ဘဲ ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစား၍ ရသော ပညာ
၃။ ဘာ၀နာမယ ပညာ = ကြားနာပြီး လက်တွေ့ ကျင့်သုံး ပွားများခြင်းဖြင့် ရသောပညာ တို့ ဖြစ်ပါသည်။
<Pg 105 >
~~~ ~~~ ~~~ ~~~ ~~~ ~~~
Q10 ; မေတ္တသုတ်၌ ပညာရှိ သူတော်ကောင်းတို့ စွပ်စွဲ ဖွပ်ရာ ဖြစ်သော မှားယွင်းသော လုပ်ရပ်ကလေးများကို ရှောင်ပါ" မလုပ်ပါနှင့်ဟု အဘယ်ကြောင့် ဟောခဲ့သနည်း။
A 10; မေတ္တသုတ်န ပညာရှိ သူတော်ကောင်းတို့ စွပ်စွဲ ဖွပ်ရာ ဖြစ်သော မှားယွင်းသော လုပ်ရပ်ကလေးများကို ရှောင်ပါ" မလုပ်ပါနှင့်ဟုဟောရခြင်းမှာ -
အပြစ်တင်ဖွယ် အသေးအဖွဲလေးကစ လုပ်မယ်' အမှုမဲ့အမှတ်မဲ့ နေလျင် အများက ကိုယ့်အပေါ် မေတ္တာ မသက်ရောက်။ ကိုယ်တိုင်ကလည်း အများအပေါ် မေတ္တာရောက်မည် မဟုတ်။ မေတ္တာ ဆိုသည် သူ့မေတ္တာ ကိုယ့်မေတ္တာ အပြန်အလှန်ရှိသောကြောင့် ဖြစ်ပါသည်။
<pg 107 >
~~~ ~_~_~ ~~~ ~~~ ~~~ ~~~
Q11: ကြောက်တတ် (တဿ) | မကြောက်တတ် (ထာဝရ) ၂ ရပ် များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေဟုမေတ္တာပို့ရာ၌ တဿ နှင့် ထာဝရ အဓိပ္ပါယ် အမှန်ကို မှားယွင်းသော ဘာသာပြန်ချက်နှင့်တကွ ရှင်းပြခဲ့ပါ။
A11; တဿ ဆိုသည်မှာ ကြောက်တတ် လန့်တတ်သော သတ္တဝါဖြစ်သည် ပုတုဇဉ်' သေက္ခာ ပုဂ္ဂိုလ်၊ ဒေါသ မကင်းသေးသောပုဂ္ဂိုလ် အာသဝေါ မကင်းသေးသော ပုဂ္ဂိုလ်ကို ရည်ညွှန်းသည်။
ထာဝရ ဆိုသည်မှာ ထိန်လန့်ကြောက်ရွှံမှု ကင်းသွားသော အာသဝေါကင်းပြီး ရဟန္တာပုဂ္ဂိုလ်ကို ဆိုလိုသည်။
မှားယွင်းသော ဘာသာပြန်ချက်မှာ တဿ ကို သက်ရှိ သတ္တဝါကိုဆိုပြီး တာဝရကို သက်မဲ့များကို ဆိုသည်။
<pg109 .110>
~~~~ ~~~~ ~~~ ~~~ ~~~ ~~ ~~~
Q 12; မြတ်စွာဘုရားသည် မေတ္တာ၏ သဘောသဘာဝကို လူများ နားလည်အောင် မည်သို့ ဥပမာ ဆောင်ဟောခဲ့သနည်း"
A12; သားသမီး တစ်ယောက်တည်း ထွန်းကားသောမိခင်သည် ထိုသားသမီးကို အသက်ပေးပြီး စောင့်ရှောက်သလို " မိမိ သေချာသေပါစေ ငါ့သားသမီး မသေစေ စေချင်တဲ့ စိတ်ဓါတ်မျိုး ထိုသို့ ကြီးမားသော မိခင်မေတ္တာကဲ့သို့ သတ္တဝါများ အပေါ် မေတ္တာထားနိုင်ရန် ကြိုးစားပါ ဟု
မြတ်စွာဘုရားသည် မေတ္တာ၏ သဘောသဘာဝကို လူများ နားလည်အောင် ဥပမာ ဆောင်ဟောခဲ့ပါသည်"
<pg116>
^_^^^ ~~~ ~~~ ~~~ ~~~~ ~~~~
Q13: လောကမှာ လူတိုင်း ဘေးကင်းရန်ကင်း ချင်ကြသည်" အပြင်ကလာသော ရန်ထက် မည်သည့် ရန်က ပိုကြောက်စရာကောင်းသနည်း။ အဘယ်ကြောင့် နည်း။
A13: လောကမှာ လူတိုင်း ဘေးကင်းရန်ကင်း ချင်ကြသည်" အပြင်ကလာသော ရန်ထက် မိမိရင်ထဲ နှလုံးသားထဲမှာရှိတဲ့ အမုန်းတရားဆိုသော ဒေါသ ရန်က ပိုကြောက်စရာကောင်းပါသည်။
အဘယ်ကြောင့် ဆိုသော် အပြင်က လာသော ရန်က ကိုယ့်ဆီရောက်ချင်မှ ရောက်မည်" အကယ်၍ က ကိုယ်ဆီ ရောက်၍ အန္တရာယ်ပေးလျငသည် တစ်ဘ၀သာ ပေးနိုင်သည်။
အတွင်းထဲက အမုန်းဒေါသ ရန်က ချစ်ခင်သူချင်း ကွဲအောင် လုပ်နိုင်သောကြောင့် ဖြစ်ပါသည်။
<py117.118 >
~~~ ~~~~ ~~~~ ~~~~ ~~~~ ____
Q14; မေတ္တာဘာ၀နာကို မည်သည့် အချိန်များ၌ အားထုပ်နိုင်သနည်း။
A14: မေတ္တာဘာဝနာကို မတ်တပ်ရပ်တုန်း၊ လမ်းလျှောက်နေတုန်း၊ ထိုင်နေစဉ်တွင်လည်းကောင်း ' လှဲလျောင်းပြီး အိပ်ချင်စိတ် မရှိ သေးစဉ် "လျောင်း ထိုင် ရပ် သွား လေးပါး ဣရိယ" ဘယ်ခါဖြစ်ဖြစ်ပွားနိုင်၏။'
~~~~ ~_~_~~ ~_~_~~ ~~~~ ~~~~
Q15; မေတ္တာကို ဈာန်ရအောင် မည်သို့ပွားရမည်နည်း။
A15; မေတ္တာဘာ၀နာကို ဈာန်ရအောင် ပွားရန် မှာ -
တစ်ဦးတစ်ယောက်တည်း အဟ်အာရုံစိုက် ပွားရမည်။
ကျားကျားချင်း မ,မချင်းလိင်တူ မိတ်ဆွေ၏ ဓါတ်ပုံဖြစ်စေ မျက်နှာကို စိတ်ထဲ ပုံဖော်၍ ဖြစ်စေ သူချမ်းသာပါစေ ဆိုသောစိတ်ကို ၁ နာရီ ဖြစ်အောင် |၂-နာရီ ဖြစ်အောင်၊ ၃-နာရီ ဖြစ်အောင်ပွား ရမည်"ထိုမှ သမာဓိ ရမည်။ဈာန်ရ မည်ဖြစ်သည်။
<pg120 >
~~~~~~~~~~~~~~~~~~~~~~~~
Q16: မေတ္တာကို အခြေခံပြီး ဝိပဿနာကျင့်စဉ်ကို မကူးခင် မည်သည့် ဒိဋ္ဌိကို အဘယ်ကြောင့်အရင် ပယ်ခွာရမည်နည်း။
A16; - မေတ္တာကို အခြေခံပြီး ဝိပဿနာကျင့်စဉ်ကို မကူးခင် သတ္တဒိဋ္ဌိကို အရင် ပယ်ခွာရမည်" မေတ္တာဘာ၀နာသည် သတ္တဝါအပေါ်တွင် ပွားခြင်းဖြစ်သည်။ ဝိပဿနာကျင့်စဉ်မှာ ပုဂ္ဂိုလ်သတ္ကဝါ ရှိတယ်ဟု ယူဆလျှင် မှားယွင်းသော အယူဖြစ်သည်။ မေတ္တာဘာ၀နာ ပွားစဉ်က သတ္တဝါပညတ်ကို အာရုံပြုခဲ့သောကြောင့် ဝိပသာနာကိုကူးပြောင်း ပွားသောအခါ သတ္တဝါ ရှိသည် ဟူသော အတွေးဝင်လာတတ်သောကြောင့် ဖြစ်သည်"
ဝိပဿနာ အာရုံသည် ရုပ် နင့်နာမ်သာ ဖြစ်သည်။ သတ္တဝါဆိုတာ မဟုတ်သဖြင့် သတ္တဝါ ရှိသည်ဆိုသော သတ္တဒိဋ္ဌိကို အရင် ပယ်ခွာရခြင်းဖြစ်ပါသည်။
<pg122>
~~~~~~~~~~~~~~~~~~~~~
Q17; မိမိ၏ ကိုယ်ကျင့်သီလ ပြည့်စုံခြင်းကို အကြောင်း ပြု၍ ယထာဘူတ ဉာဏ်အမြင်ရနိုင်ပုံ အဆင့်ဆင့်ကို ဖော်ပြခဲ့ပါ။
A17; မိမိ၏ ကိုယ်ကျင့်သီလ ပြည့်စုံခြင်းကို အကြောင်း ပြု၍ စိတ်က ကြည်နူး၏ "
စိတ်ကြည်နူးမှုကို အကြောင်း ပြု၍ ဝမ်းသာ၏ "
၀မ်းသာမှုကို အကြောင်းပြု၍ ပီတိဖြစ်၏"
ပီတိ ကို အကြောင်း ပြု၍ ပဿန္ဓိ ကိုယ်စိတ်ငြိမ်းချမ်း၏ "
ကိုယ်စိတ်ငြိမ်းချမ်း လျင် သုခ ချမ်းသာမှု ဖြစ်၏။
ချမ်းသာမှု ဖြစ်လျင် စိတ်တည်ကြည်မှု သမာဓိ လွယ်လွယ်နှင့်ရ၏"
စိတ်တည်ကြည်မှု ရသည်နှင့် ယထာဘူတဉာဏဒဿန ဆိုသော မှန်မှန်ကန်ကန် သိသည့် ဉာဏ်အမြင်ရ ပါသည်။
<pg123>
~~~~~~~~~~~~~~~~~~~~
Q18; ဘူတာ ဝ သမ္ဘဝေသီ ၀၊ သဗ္ဗသတ္တာ ဘဝန္တု သုခိ သတ္တာ" ဟု မေတ္တာပို့ရာ၌ ဘူတ နှင့် သမ္ဘဝေသီ ၂ ခု မျိုး၏ အဓိပ္ပါယ်များကို ဖြေဆိုခဲ့ပါ"
A18; ဘူတ ခန္ဓာကိုယ်ပီပီပြင်ပြင်၊ အရွယ်အစား ပြည့်ပြည့်၀၀ ဖြစ်ပြီး သူ' မွေးဖွားပြီး သူ
သမ္ဘဝေသီ မိခင်ဝမ်းတွင်းနေစဉ် ခြေလက်အင်္ဂါမစုံသေးသော အချိန် (တနည်း) သန္ဓေတည်ပြီးသော သတ္တဝါ
ဥပမာ- ကြက်အကောင် မပေါက်သေး ဥထဲ၌ ရှိစဉ် သမ္ဘဝသီ ဖြစ်ပြီး ' ကြက်ပေါက်ပြီး အကောင် ဖြစ်လာလျင် ဘူတ ဖြစ်သည်။
တနည်း)
ထင်ရှားရှိပြီးသော သတ္တဝါ ဘဝအဆုံးသတ်ပြီး သူ ရဟန္တာပုဂ္ဂိုလ် သည် ဘူတ ဖြစ်ပြီး
သံသရာထဲ နောက် ဖြစ်ဦးမည်. ဘာအဆုံးမသတ်သေးသူ ပုထုဇဉ် ပုဂ္ဂိုလ် သည် သမ္ဘဝေသီ ဖြစ်ပါသည်။
<pg112 >
~~~~~~~~~~~~~~~~~~~~~~~
Q19; သဗ္ဗသတ္တာ ဘဝန္တု သုခိ သတ္တာ " လုံးစုံသက္က ဂါ ချမ်းသာပါစေ ဟု ဖြစ်စေချင်တာကို မေတ္တာပို့နိုင်သလို သတ္တဝါတွေ အချင်းချင်း မကောင်းတာ မပြုကြစေလိုသော မေတ္တာပို့ခြင်း သုံးမျိုး ကိုလည်း မေတ္တသုတ် လာအတိုင်း ဖော်ပြခဲ့ပါ။
A19: သဗ္ဗသတ္တာ ဘဝန္တု သုခိ သတ္တာ " လုံးစုံသက္က ဂါ ချမ်းသာပါစေ ဟု ဖြစ်စေချင်တာကို မေတ္တာပို့နိုင်သလို သတ္တဝါတွေ အချင်းချင်း မကောင်းတာ မပြုကြစေလိုသော မေတ္တာသုတ်လာ မေတ္တာပို့ခြင်း သုံးမျိုး မှာ -
၁။ နပရောပရံနိကုဗ္ဗေထ = တစ်ယောက်နှင့်တစ်ယောက် မလိမ်မလှည်းစားကြပါစေနှင့်
၂။ နာတိမညေထ ကတ္ထစိ နကိဉ္စိ = တစ်ယောက်နှင့်တစ်ယောက် အထင်မသေးကြပါစေနှင့်
၃။ဗျာရောသနာ ပဋိကသည နာညမညဿ ဒုက္ခ မိစ္ဆေယျ= တစ်ဦးနှင့် တစ်ဦး စော်ကားခြင်း' မုန်းတီးခြင်း၊ ဒုက္ခဖြစ်မှု ကို မလိုလားကြပါစေနှင့်
တို့ဖြစ်ပါသည်"
(ထိုသဘောကိုပင် မင်းကွန်း ဆရာတော်ဘုရားကြီးက
-လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ"
_ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
- ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေဟု လင်္ကာဖွဲ့ပေးခဲ့ပါသည်")
<pg113 - 114 >
~~~~~~~~ ~_~_~~ ~~~~ ~~~~
Q 20 ; မေတ္တာကို အခြေခံပြီး ဝိပဿနာကျင့်စဉ်ကို ကျင့်ခြင်းဖြင့် နောက်ဆုံး ရဟန္တာ ထိဖြစ်နိုင်ပုသည်ကို မေတ္တသုတ် နိဂုံး၌ မြတ်စွာဘုရား ဟောကြားခဲ့ပုံကို အကျဉ်းမျှ တင်ပြခဲ့ပါ။
A20; မေတ္တာကို အခြေခံပြီး ဝိပဿနာကျင့်စဉ်ကို ကျင့်ခြင်းဖြင့် နောက်ဆုံး ရဟန္တာ ထိဖြစ်နိုင်ပုသည်ကို မေတ္တသုတ် နိဂုံး၌ မြတ်စွာဘုရား ဟောကြားခဲ့ပုံကို အကျဉ်းမှာ -
ဒိဋ္ဌဉ္စ အနုပဂ္ဂမ - မေတ္တာပိုသူ မေတ္တာခံသူ ၂ ဦးလုံး ရုပ်နှင့် နာမ်သာရှိသည် အမြင်မှန်ဖြင့် အတ္တဒိဋ္ဌိကို ပယ်ခွာကာ ဝိပဿနာဉာဏ်ဖြစ်ပုံကို ဟော၏"
သီလဝါ - ကိုယ်ကျင်.သီလပြည့်စုံခြင်းကို အကြောင်းပြု၍ စိတ်ကြည်နူးမှု၊ ဝမ်းမြောက်မှု၊ ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ သမာဓိ အဆင့်ဆင့် ဖြစ်ကာ ယထာဘူတဉာဏဒဿန ဆိုသော မှန်မှန်ကန်ကန် အသိဉာဏ် ဂင်လာ၏။
ဒဿနေန သမ္ပန္နော - သီလရှိပြီး ကျင့်ကြံ ကြိုးကုတ် အားထုတ်လျှင် ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး နိဗ္ဗာန်ကို မြင်၏။ သောတပန်ဖြစ်၏ "
ကာမေသု ဝိနေယျ ဂေဓံ - ကာမဂုဏ် အာရုံတွေ အပေါ်တတ်မက်ခြင်း တဏှာ ဖယ်ရှားကာ အနာဂါမ်ဖြစ်မည်"
နဟိ ဇာတု ဂဗ္ဘသေယျ - ထို့နောက် ဝိပဿနာ အရှိန် ဆက် မြင်.တင်လျင် အမိဝမ်းတွင်း တဖန်ပြန်မဝင်ရသော- ဇာတိ ကုန်သော ရဟန္တာ ဖြစ်ရ၏။
<pg122-124 >
~~~~ ~~~~ ~~~~ ~~~~ ~~~
Q21: မေတ္တာဘာ၀နာ ပွားရန် (သက္ကော)စွမ်းနိုင်သူ ဆိုသည်မှာ မည်သို့သောသူဖြစ်သနည်း "
A 21; မေတ္တာဘာ၀နာ ပွားရန် စွမ်းနိုင်သူသည်
၁။ ကိုယ်လုပ်တဲ့လုပ်ငန်းအပ်ယုံကြည်ချက်ရှိသူ
၂။ ကျန်းမာသူ
၃။ ကြိုးပမ်းအားထုတ်မှု လုံ့လဝီရိယရှိသူ
၄။ ကိုယ်.လုပ်ငန်းနှင့် ပတ်သက်ပြီး စဉ်းစားဆင်ခြင်နိုင်သော အသိပညာရှိသူ ပြစ်ပါသည်။
<pg96>
===========~~~~
လွယ်ကူစွာ လေ့လာနိုင်ရန် အတွက်
နမူနာ အမေးကို နမူနာအဖြေများအဖြစ်သာ ဖြေပေးခြင်းပါ။
ဤအတိုင်း တိုက်ရိုက်မလွှဲဖြေရမည်ဟု မဆိုလိုပါ"
မေးခွန်း ဆိုလိုရင်းကိုကြည့်၍ ဖြေဆိုပါ "
လိုတာထည့်ပါ၊ ပိုတာ နုတ်ပါ၊ မှားတာပြင် ပါ"
အားလုံး အောင်မြင်ကြပါစေ"
Credit:ဦးစိန်ဦး
.....................
......................
[၅] သမထ နှင့် ဝိပဿနာ
(Q & A စ-ဆုံး)
============°============
Q1;သမထ နှင့် ဝိပဿနာ. ၂-မျိုး၏ အကျိုး ကျေးဇူးများကို "ဝိဇ္ဇာ ဘာဂိယ သုတ်၌ မည်သို့ ဖော်ပြပါသနည်း။
A1; သမထကို ဖြစ်ပွားစေလျှင် တည်ငြိမ်သည့်စိတ် တိုးတက်၏။ တည်ငြိမ်အောင် လေ့ကျင့်ထားသော စိတ်သည် ရာဂကို ဖယ်ရှားပစ်နိုင်၏။
ဝိပဿနာ အကျင့်သည် အသိပညာကို တိုးပွားစေနိုင်၏။ ပွားများ လေ့ကျင့်အပ်သော ပညာသည် အဝိဇ္ဇာကိုဖယ်ရှားပစ်နိုင်၏ " ဟု ဝိဇ္ဇာဘာဂိယသုတ်န သမထ နှင့် ဝိပဿနာ အကျိုးကျေးဇူးကို ဖော်ပြပါသည်။
~~~~~~~~~~~~~~~~~~~~
Q2; သမထ နှင့် ဝိပဿနာ အားထုတ်နည်း အပြည့်အစုံကို မည်သည်.ကျမ်းလာ အတိုင်း မှတ်သားရမည်နည်း။
မရှင်းလင်းသည့်အချက်များကို မည်သည်. ပုဂ္ဂိုလ်ထံ ချဉ်းကပ် မေးမြန်းသင့်သနည်း။
A2; သမထ နှင့် ဝိပဿနာ အားထုတ်နည်း အပြည့်အစုံကို ဝိသုဒ္ဓိမဂ် ကျမ်းလာသည့်အတိုင်း မှတ်သားရမည်။
မရှင်းလင်းသည့်အချက်များကို လက်တွေ့အားထုတ်ထားသည့်အပြင် စာပေကျမ်းဂန် နှုံ့ စပ်သိမြင်သော ဆရာတော်များထံ ချဉ်းကပ် မေးမြန်းသင့်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~
Q3 ; (က) ကမ္မဌာန်း ဆိုသည်မှာ အဘယ်နည်း
(ခ) သမထ ဆိုသည်မှာ အဘယ်နည်း
(ဂ) ဝိပဿနာ ဆိုသည်မှာ အဘယ်နည်း။
A3: (က) ကမ္မဋ္ဌာန်း ဆိုသည်မှာ ဘ၀နာလုပ်ငန်း၏ ဦးတည်ရာ အာရုံ သို့မဟုတ် ဘာ၀နာ လုပ်ငန်း၏ လုပ်ငန်းစဉ် ဖြပါသည်"
(ခ) သမထ ဆိုသည်မှာ ကာမစ္ဆန္ဒ စသော ဆန့်ကျင်ဘက်တရားများကို ငြိမ်သက်ပျောက်ကင်းစေနိုင်သော သမာဓိတရား ဖြစ်ပါသည်"
စာပေကျမ်းဂန်၌ ပစ္စနီက ဓမ္မေ-တီတိ သမထော ဟု ဖွင့်ဆိုကြ၏။
(ဂ) ဝိပဿနာ ဆိုသည်မှာ "ဝိ"_ အနိစ္စစသည်ဖြင့် ဆက်စပ်ပြီး အထူးထူးအပြားပြားသော အခြင်းအရာအားဖြင်."ပဿနာ" - ဓမ္မတို့ကို ရူမြင်တတ်သော ဉာဏ်ဖြစ်ပါသည်။
စာပေကျမ်းဂန်၌ အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ ဟုဖွင့်ဆိုကြသည်။
~~~~~~~~~~~~~~~~~~~~~~~~
Q4; သမထ ကမ္မဌာန်း၏ အာရုံများကို ဝေဖန်ခဲ့ပါ။
A4; သမထ ကမ္မဌာန်း၏ အာရုံမှာ အများအားဖြင့် ပညတ်ဖြစ်သည်။ သို့သော် ဗုဒ္ဓါနုဿတိ စသည်နှင့် စတုဓါတုဝဝတ္ထာန် ပရမတ်အာရုံ လည်းရှိပါသေးသည်။
အပ္ပနာသမာဓိ တိုင် ရစေနိုင်သော ပညတ်အာရုံပေါင်း ၂၈-မျိုးရှိ၏။
~~~~ ~~~~ ~~~~ ~~~~ ~~~~ ~~~~
Q5; ဘုရား ဝုဏ်တော် ( အရဟံ စသည်) ကို သမထ ကျင့်စဉ် အရ မည်သို့ ကျင့်မှ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ဖြစ်မည်နည်း။
A5; ဂုဏ်တော်၏ အနက်အဓိပ္ပါယ်ကို နားလည်ရမည်"
အရဟံ ဆိုလျှင် ကိလေသာခပ်သိမ်းကို ဖယ်ရှားပြီးဖြစ်သော မြတ်စွာဘုရား ဟု အာရုံ ပြုရမည်။
ပို၍အဓိပ္ပါယ် ထင်ရှားအောင် နိုင်းယှဉ်စဉ်းစားရမည်"
မိမိမှာ လောဘ ဒေါသ မောဟ မာန တွေရှိတယ် မြတ်ချစွာဘုရားကား လောဘ စသော ကိလေသာမှန်သမျှ လုံးဝကင်းစင်ပါပေတယ် ဟု နိုင်းယှဉ် နှလုံးသွင်းလျှင်အရဟံ၏ အဓိပ္ပါယ် ပိုပြီး ပေါ်လွင်တင် ရှားလာမည် "
မိမိစိတ်အစဉ်သည် ဘုရားဂုဏ်တော်ထဲ နှစ်ဝင်နေရမည်" သို့မှသာ ဗုဒ္ဓါနုဿတိ ကမ္မဌာန်း ဖြစ်ပါမည်။
~~----~~~~~~~~~~~~~~~~~~~~
Q6 ; သမထ ပဲ ဖြစ်ဖြစ်၊ ဝိပဿနာပဲ ဖြစ်ဖြစ် ကမ္မဋ္ဌာန်း အားမထုတ်ခင် အဘယ်ကြောင့် သီလဆောက်တည်သင့်ကြောင်းကို ဖြေဆိုပါ။
A6; သမထ ပဲ ဖြစ်ဖြစ်၊ ဝိပဿနာပဲ ဖြစ်ဖြစ် ကမ္မဋ္ဌာန်း အားမထုတ်ခင် အဘယ်ကြောင့် သီလဆောက်တည်သင့်သည် "အဘယ်ကြောင့်ဆိုသော်- သီလမရှိသူသည် ဓါတ်ကို ကမ္မဌာန်းအာရုံထဲ ထားရန် ကြိုးစားသည်နှင့် ကိုယ်ကျင့်သီလပျက်ပြားမှု ကို အခြေခံပြီး ပေါ်လာတတ်သော အတိတ်က အာရုံပုံရိပ် အနောက်အယှက်များ ၀င်လာတတ်သည်။ ထိုအခါ စိတ်ဂဏာမငြိမ်ခြင်းဥဒ္ဒစ္စတရား လွှမ်းမိုးကာ သမာဓိမရနိုင်။
သီလဆောက်တည်ထားလျင် ကိုယ်ကျင်.သီလကို ဆင်ခြင်ပြီး ဝမ်းမြောက်မှု စိတ်ကြည်နူးမှု ရ၏ ထိုစိတ်ကို သမထအာရုံပေါ်တင်ပေးလျင် သမာဓိ မြန်မြန်ရလာနိုင်၏။
သီလံ အဝိပ္ပဋိသာရာယ ' ကိုယ်ကျင့်သီလကို စိတ်နှလုံး ကြည်သာ ရန်အတွက် လုပ်ရ၏။
စိတ်နှလုံးရွှင်ကြည်မှ ဝမ်းမြောက်မှု (ပါမောဇ္ဇ ) ဖြစ်နိုင်၏။
ဝမ်းမြောက်မှုဖြစ်မှ နှစ်သက် ကြည်နူးမှု (ပီကို) ဖြစ်နိုင်၏။
ပီတိဖြစ်မှ ကိုယ်စိတ်ငြိမ်းချမ်းမှု (ပဿဒ္ဓါ) ဖြစ်နိုင်၏။
ပဿဒ္ဓိ ဖြစ်မှ ကိုယ်စိတ်ချမ်းသာမှု (သုခ) ဖြစ်နိုင်၏ "
သုခဖြစ်မှ စိတ်တည်ငြိမ်မှု (သမာဓိ) ဖြစ်နိုင်၏ "
သမာဓိဖြစ်မှ အမှန်အတိုင်းသိသော ဉာဏ် (ပထာဘူတဉာဏဒဿန) ဖြစ်နိုင်၏။ ထို့ကြောင့် ကိုယ်ကျင့်သီလကို ကမ္မဌာန်း အားမထုတ်ခင် ရှေးဦးစွာ စင်ကြယ်အောင် တည်ဆောက်ရခြင်း ဖြစ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~
Q7; ကမ္မဋ္ဌာန်း အားမထုတ်ခင် ကိုယ့်ခန္ဓာကိုယ်ကို မြတ်စွာဘုရားအား လှူဒါန်းပါ၏" ဟု ဆိုကြ၏။အဘယ် အကျိုးငှာ ဖြစ်ပါသနည်း။
A7; ကမ္မဋ္ဌာန်း အားမထုတ်ခင် ကိုယ့်ခန္ဓာကိုယ်ကို မြတ်စွာဘုရားအား လှူဒါန်းရခြင်းမှာ ကမ္မဌာန်း အချိန်တွင် ကြားထဲက အနောက်အယှက်များ ပေါ်လာလျှင် ခံနိုင်ရည် ရှိရန် ဖြစ်သည်။
အန္တရာယ်တစ်ခုခုကြုံလျှင် ကြောက်တတ်၏။ ထိုအခါ လုပ်ငန်းမအောင်မြင်ဖြစ်မည်" မစွန့်စားရဲ့ ပေ။ ထိုသို့မဖြစ်အောင် ကိုယ်ခန္ဓာကိုယ်ကို ဘုရားလှူထားသည့် အတွက် အန္တရာယ်ရှိလည်း ဘုရားလှူထားပဲ ဟု တွေးလို့ရ၏။ထိုအခါ ရဲတင်း စိတ်များ ကိုယ်.သန္တာန်ဖြစ်၏။
ထို့အကျိုးကြောင့် ကမ္မဋ္ဌာန်း အားမထုတ်ခင် ကိုယ့်ခန္ဓာကိုယ်ကို မြတ်စွာဘုရားအား လှူဒါန်းခြင်းဖြစ်ပါသည်"
~~~~~~~~~~~~~~~~~~~~~~~~
Q8; ကမ္မဌာန်း အားထုတ်ရာ၌ သူတော်ကောင်းများကို စွပ်စွဲ မိခဲ့လျင် ၀န်ချတောင်းပန်ရခြင်းမှာအဘယ်ကြောင့် နည်း။
A8; ကမ္မဌာန်း အားထုတ်ရာ၌ သူတော်ကောင်းများကို စွပ်စွဲ မိခဲ့လျင် အနောက်အပျက်ဖြစ်တတ်၏။ ဝန်ချတောင်းပန် ကန်တော့ခြင်းအားဖြင့် စိတ်ထဲ တင်းကျပ်မှု မရှိတော့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီး သံသယဖြစ်စရာ ကြောက်စရာ စိတ်တင်းကျပ်စရာများ မရှိစေရန် ဖြစ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
Q9; ထွက်လေ ၀င်လေကို ဗာလ(လူမိုက်)နှင့် သူတော်ကောင်း (ပညာရှိ) တို့ အသုံးချပုံခြင်း ကွဲပြားမှု ကို ရှင်းပြခဲ့ပါ။
A9; ဗာလ လူမိုက်သည် ဝင်လေထွက်လေကို အသက်ရှင်ရန်အတွက်ပဲ အသုံးချသည်။
သူတော်ကောင်းတို့သည် ဝင်လေထွက်လေကို ကမ္မဌာန်းအာရုံတစ်ခုအဖြစ် အသုံးချကာ ပါရမီလည်းရှိ၊ ကြိုးလည်း ကြိုးစား၊ စိတ်ဆန္ဒများကလည်း လုံလောက်လျှင် ဈာန်၊ မဂ်' ဖိုလ်' နိဗ္ဗာန် ထိရောက်အောင် အသုံးချပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~
Q10 ; အာနာပါန ကမ္မဋ္ဌာန်း ကို (လျောက်၊ ရပ်၊ထိုင်၊သွား) မည်သည် က္ကရိယပုထ် ဖြင့် အားထုတ်ရမည်နည်း"
အဘယ်ကြောင့် နည်း။
A10; အာနပါန ကမ္မဌာန်းကို (ပလ္လင်္ကံ အာဘုဇိတွာ ' တင်ပလ္လင်ခွေထိုင်ကာ အားထုတ်ရပါမည်"
လမ်းလျောက် အားထုတ်လျှင် လှုပ်ရှားနေသည့်အတွက် လမ်းကိုလည်း ကြည့်ရ ထွက်လေ၀င်လေလည်း ကြည့်ရ နှင့် စိတ်အလုပ်များ၍မသင့်လျော်"
မတ်တပ်ရပ်ပြီး အားထုတ်လျှင် ခန္ဓာကိုယ်ကြီးလဲမသွားအောင် ထိန်းထား ရမည်.အလုပ်တစ်ခု ပိုမည်။
လျောင်းအိပ် အားထုတ်လျှင် လုံးလဝီရိယ လျော့ပြီး အိပ်ပျော်သွားမည်။
မတ်မတ် လေး ထိုင်နေသော ဣရိယာပုထ်က လှုပ်ရှားမှု နည်းပြီးငြိမ်သက်သည်။ အိပ်နေတာလို ဇိမ်ခံလွန်းတာလဲ မဟုတ် "လမ်းလျှောက်ခြင်း၊ ရပ်ခြင်းကဲ့သို့ ခန္ဓာကိုယ် ထိန်းထားစရာမလို သောကြောင့် ထိုင်ခြင်း ဣရိယာပုတ်ဖြင့် အားထုတ်ရပါမည်"
~~~~~~~~~~~~~~~~~~~~~~~~~
Q11; တင်ပလ္လင် ခွေထိုင် အားထုတ်ရာ၌ ခါးအထက် ကိုယ်ကို မည်သို့ ထားရမည် နည်း။ အဘယ်ကြောင့် နည်း"
A11; တင်ပလ္လင် ခွေထိုင် အားထုတ်ရာ၌ ခါးအထက် ကိုယ်ကို မတ်မတ် ဆန့်ဆန်. ကလေးထားရပါမည်။အဘယ်ကြောင့်ဆိုသော် ကျောရိုးဆစ်များ မတ်မတ် ဖြစ်နေစေရန်အတွက် ဖြစ်သည်။ အကယ်၍ ခါးကုန်း ထိုင်လျှင် အရိုးအဆစ်များ တစ်ခုနှင့် တစ်ခု ဖိမိနေသည့်အတွက် ကြာလာလျှင် ခါးကိုက် ခါးညောင်း ခါးအောင့် ရောဂါ များ ဖြစ်လာနိုင်သောကြောင့် "ဥဇုံ ကာ ယံ ပဏိဓာရ " ခါးအထက် ကိုယ်ကို မတ်မတ်ထားရခြင်းဖြစ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~
Q12; သမထကျင့်စဉ် အရ အာနာပါန ကျင်.လျင် လေကို မည်သို့ ရူရမည်နည်း။ ပြင်းပြင်းထန်ထန် ရူသင့်ပါသလား?"
A12;သမထကျင့်စဉ် အရ အာနာပါန ကျင်.လျင် လေကို ပင်ကိုယ် ရှူနေကျအတိုင်းမှန်မှန်လေး ရှူရပါမည်။ ပြင်းပြင်းထန်ထန် မရှူသင့်။ ပြင်းပြင်းရူပါက ကြာလာလျှင် မောသွားမည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
Q13; အာနာပါနသမထ ကမ္မဋ္ဌာန်း နည်းဖြင့် ပဋိဘာဂနိမိတ် ရပုံကို ရှင်းပြပါ။
A13; အာနာပါနသမထ ကမ္မဋ္ဌာန်း နည်းဖြင့် ပဋိဘာဂနိမိတ် ရပုံမှာ -
နာသီး၀လေထိသောနေရာ စိတ်ကို ငြိမ်အောင်ထားရင်း လေကို အာရုံပြုရင်း စိတ်ငြိမ်လာမည်။ ထွက်လေ ၀င်လေ ကို ရှုမှတ်နေသော ပရိကမ္မနိမိတ်ဖြစ်၏။
ထိုအာရုံနိမိတ်အတော်ကြာသောအခါ စိတ်ထဲမှာ ထင်ထင်ရှားရှား ဖြစ်ခါ စိတ်က မှတ်ယူနိုင်သော အနေအထား ဥဂ္ဂဟ နိမိတ်ဖြစ်၏။
နောက်ဆုံး ထို ထွက်လေ ၀င်လေသည် ပုံသဏ္ဍန်ပြောင်းပြီး မီးခိုးတန်းကလေး ထွက်လာသလို၊ ပုလဲလုံးလေးများ ထွက်လာသလို၊ နာသီးဖျားမှာ ဘောလုံးကလေးလည်နေသလို၊ မီးခိုးတန်းကြီးလို၊ အာရုံ အလင်းတန်း ၂ ခု ထွက်နေသလို တစ်ယောက်နှင့် တစ်ယောက် အမှတ်သညာချင်းမတူ၍ တစ်ဦးနှင့် တစ်ဦး မတူ အမျိုးမျိုး မြင်နိုင်၏ " ဤသို့ မြင်ရခြင်းသည် ပဋိဘာဂ နိမိတ်ရခြင်းဖြစ်သည်။
~~~~~_~_~~~~~~~~~~~~~~~~~~~
Q14; ပထမဈာန်၏ ဈာန်အင်္ဂါ ၅-ပါးကို ရှင်းပြပြီး၊ပထမဈာန်ရသော ပုဂ္ဂိုလ် ခံစားရသော' ဝိဝေကဇပီတိသုခ သဘောကိုလည်း ရှင်းပြပါ။
A14; ပထမချာန်၏ ဈာန်အင်္ဂါ ၅-ပါး မှာ -
(၁) ဝိတက် - စိတ်နှင့် အာရုံမပြတ်စေရန် ပေါင်းကူးပေးသော စိတ်ကူးသဘော
(၂) ဝိစာရ _ အာရုံနှင့် စိတ် ချည်နှောင်ထားသကဲ့သို့ အာရုံပေါ် စိတ်ရစ်ဝဲနေသည့် သဘော၊.ကြံစည်ခြင်းသဘော
(၃) ပီတိ- အာရုံနိမိတ် ပေါ်တွင် စိတ်က နှစ်ခြိုက်နေသည် သဘော
(၄) သုခ _ ကိုယ်စိတ် ပေါ့ပါးကာ ပူပန်မှုမရှိ စိတ်ချမ်းမြေ့ခြင်းသဘော
(၅) ဧကဂ္ဂတာ - အာရုံတစ်ခုတည်းအပေါ် စိတ်တည်ငြိမ်နေခြင်းသဘော
ဝိဝေကဇပီတိသုခ သဘောမှာ -
ပထမဈာန်ရသူသည် (ဝိဝိစ္စေဝ ကာမေဟိ ) ကာမအာရုံများမှ လွတ်လပ် သွားသည်။ မျက်စိ၊နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် တို့ဖြင့် ပျော်စရာအာရုံများမှ လွတ်မြောက်၏။ ထိုကာမအာရုံများမှ လုံးဝကင်းဆိတ်သွား၏"
(ဝိဝစ္စေ အကုသလေဟိ ဓမ္မေဟိ) ကျန် အကုသိုလ်တရားများလည်း မဖြစ်တော့ပေ။ စိတ်၏အညစ် အကြေးများ တစ်ခုမှ မဖြစ်တော့ပဲ (ဝိဝေကဇံ) ကာမဂုဏ်အာရုံများမှ လွတ်လပ်ပြီး ဖြစ်ပေါ်လာသော (ပီတိသုခံ ) နှစ်ခြိုက်ခြင်း နှင့် ချမ်းမြေ့ခြင်းသဘော ၂-ခုကို ခံစားရခြင်းသဘောမှာ ဝိဝေကဇ ပီတိသုခ ဖြစ်ပါသည်။
~---~---~~~~~~~~~~~~~~~~~~~~~~
Q15; ဈာန်၏ အဓိပ္ပါယ် ၂-မျိုး ကိုရှင်းပြပါ။
A15; ဈာန်၏ အဓိပ္ပါယ် ၂-မျိုးမှာ
(၁) လောင်ကျွမ်းခြင်း-မီးက စက္ကူကို လောင် ပစ်လိုက်သလို ဈာန်တရားများက ကာမတဏှာများကို လောင် ပစ် ဖျက်စီးပစ်ခြင်း"
(၂) အာရုံပေါ်မှာ စူးစိုက်ပြီး ကပ်ရှုခြင်း - နိမိတ် အာရုံပေါ်တွင် စိတ်စူးစိုက်ပြီး ကြည့်ရှုနေခြင်း" တို့ ဖြစ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~
Q15; ဒုတိယဈာန်၊ တတိယဈာန် နှင့် စတုတ္ထဈာန် ရရန် ဖယ်ရှားကျော်လွှား ရမည့် ဈာန်အင်္ဂါ အသီးသီးကို ဖော်ပြပါ။ ဈာန်ကို အဘယ်ကြောင့် ဝင်စားကြသနည်း။
A 15; ဒုတိယဈာန်ရရန် စိတ်ကူးခြင်း နှင့် ဝိတက် 'ကြံစည်ခြင်း ဝိစာရ
တတိယဈာန်ရ ရန် နှစ် ခြိုက်ခြင်း-ပီတိ
စတုတ္ထဈာန်ရရန် ချမ်းမြေ့ခြင်း-သုခ
တို့ကို ဖယ်ရှားကျော်လွှားရပါမည်။
ဈာန်ကို (ဒိဋ္ဌဓမ္မ သုခ ဝိဟာရ) မျက်မှောက်ဘဝတွင် ချမ်းသာစွာနေရန် ဝင်စားကြပါသည်"
~----~~~~~~~~~~~~~~~~~~~~
Q17; သမထကျင့်စဉ်၏ ယခုဘ၀ နှင့် နောက်ဘ၀ လမ်းဆုံး ကိုဖော်ပြပါ။
A17; သမထကျင့်စဉ်၏ ယခုဘဝလမ်းဆုံးမှာ- အဘိညာဉ် ဖြစ်သည်"
နောက်ဘဝ လမ်းဆုံး မှာ - ဈာန်မလျောလျှင် ဗြဟ္မပြည်ရောက်၏။.
~~~~~~~~~~~~~~~~~~~~~~~~~~
Q18; ဈာန်မှ ဝိပဿနာ ကျင့်စဉ်ကို မည်သို့ ပြောင်းရမည်နည်း။
A18; ဈာန်မှ ဝိပဿနာ ကျင့်စဉ်ကို မည်သို့ ပြောင်းရန်
ပထမ အာရုံနိမိတ် ပေါ်တွင် ဈာန်ဝင်စားလိုက်၏။ ဈာန်ဝင်စားပြီး ဈာန်မှ ပြန်ထခါ ဖြစ်ခဲ့သော ဈာန်စိတ်များကို အာရုံအဖြစ် အသုံးချပြီး ဝိပဿနာ ရှု၏။
ပဋိဘာဂနိမိတ်ဖြစ်သော အလင်းတန်း ပညတ်ကို မရူဘဲ ထို ပဋိဘာဂနိမိတ်ကို အာရုံပြုပြီး ဖြစ်ပြီးခဲ့သော ကြံစည်ခြင်း စိတ်ကူးခြင်း စသည် ဈာန်အင်္ဂါများ ကို ပြန်ရှုရ၏။
အာရုံ တရားများ၏ သဘာဝလက္ခဏာ ကိုရူ၏ "
သဘာဝလက္ခဏာ ရှုရင်း အများဆိုင် သာမညလက္ခဏာ ဖြစ်သည့် အနိစ္စ ဒုက္ခ၊ အနတ္တ ကို မြင်လာကာ ဝိပဿနာ သို့ ကူးပြောင်းရပါသည်"
~~~~~~~~~~~~~~~~~~~~~~
Q19; သဘာဝ လက္ခဏာ နှင့် သာမည လက္ခဏာ ဆိုသည်မှာ အဘယ်နည်း၊ ဥပမာ တစ်ခုခု ပေး၍ ရှင်းပြပါ"
A 19; သဘာဝ လကွဏာ
ဥပမာ- ဒေါသ ကို ရှုလျှင် ဒေါသဆိုတာ စိတ်ကို ယောက်ယက်ခတ်ပြီး ပူလောင်စေသော သဘော 'တည်ငြိမ်နေသောစိတ်ကို ဖျက်စီးတတ်သော သဘော သည် ဒေါသ၏ သဘာဝ လက္ခဏာဖြစ်သည်။
သာမညလက္ခဏ - သည် အများဆိုင် လက္ခဏာဖြစ်သည်" အရာအားလုံး သည် မမြဲသော သဘော၊ ဆင်းရဲသော သဘော၊စိုး မပိုင်သော ဘဘော ဖြစ်သည်.
အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘာဝများကို သာမညလက္ခဏာဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~
Q20; ဝိပဿနာလမ်းကြောင်း က ဘယ်တိုင်အောင်အောင် သွားသနည်း။ ဝိပဿနာမှာ အဆင့်မြင့်ဆုံးသောဉာဏ် ရလာပုံ (ဝိပဿနာဉာဏ်စဉ် အဆင့်ဆင့်)ကိုအကျဉ်းမျှ ဖော်ပြခဲ့ပါ။
A20; ဝိပဿနာလမ်းကြောင်းသည် မဂ်၊ဖိုလ် ထိအောင် သွားသည်။တို့မှတစ်ဆင့် နိဗ္ဗာန် တိုင်ဖြစ်သည်။
ဝိပဿနာ အဆင့်မြင့်ဆုံးသော သင်္ခါရုပေက္ခာဉာဏ် ရလာပုံအဆင့်ဆင့် မှာ-
နာမ်နှင့် ရုပ်ကို ပိုင်းခြားသိသော နာမ ရူပ ပရိစ္ဆေ ဉာဏ်၊
ထိုရုပ်နာမ်တို့၏ ဖြစ်ပေါ်ခြင်းအကြောင်းတရားကိုပါ သိသော ပစ္စယပရိဂ္ဂဟဉာဏ် ၂-မျိုး ရရှိပြီးနောက်
ဝိပသာနာ ဉာဏ်စဉ်များမှာ-
(၁)ထိုရုပ်နာမ်တို့၏ မမြဲ၊ ဆင်းရဲ၊ ကိုယ်မပိုင်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောကို အထပ်ထပ် သုံးသပ် သိမြင်သော သမ္မသနဉာဏ်
(၂) ဖြစ်မှု ပျက်မှုသဘောကို ရှင်းရှင်းကြီးမြင်လာသော ဥဒယဗ္ဗယဉာဏ်
(၃) တဖြည်းဖြည်းနှင့် အပျက်ကိုသာ မြင်လာသော ဘင်္ဂဉာဏ်
(၄) ထိုမှ ကြောက်စရာဟု မြင်လာသော ဘယဉာဏ်
(၅) အပြစ် ဟု မြင်လာသော အာဒီနဝဉာဏ်
(၆) ငြီးငွေ့လာသော နိဗ္ဗိဒါဉာဏ်
(၇) ထိုသို့ မြင်လာသဖြင့် စွန့်လွတ်ချင်လာသော မုဉ္စိတုကမျတာဉာဏ်
(၈) တို့နောက် လွတ်ရာလွတ်ကြောင်း ထွက်ပေါက် ရှာလာသော ပဋိသင်္ခါ ဉာဏ်
(၉) ထိုအခါ သင်္ခါရသဘာဝတရားများအပေါ် စိတ်တည်ငြိမ်မှု ပြန်ရလာသော သင်္ခါရုပေက္ခာဉာဏ် ဖြစ်လာပါသည်"
~~~~~~~~~~~~~~~~~~~~~~~
Q21; နိဗ္ဗာန်ရောက်ရန် စီးရမည့် (ယာန) ယာဉ် ၂-မျိုး (ဝိပဿနာ ကျင့်နည်း ၂-မျိုး ) ကိုဖော်ပြပါ။
A21; နိဗ္ဗာန်ရောက်ရန် စီးရမည့် (ယာန) ယာဉ် ၂-မျိုး ဖြစ်သည် ဝိပဿနာ ကျင့်နည်း ၂-မျိုးမှာ-
(သမထယာနိက)သမထကျင်.ပြီးမှ ဝိပဿနာကို ကူးသော နည်း နှင့်
(ဝိပဿနာယာနိက)သမထကို မကျင့်ပဲ ဝိပဿနာ တိုက်ရိုက်သွားသော နည်း တို့ ဖြစ်ပါသည်"
.
~~~~~~~~~~~~~~~~~~~~~~~~~~
Q22; ကိလေသာများ ကုန်စေတတ်သော ဝိဇ္ဇာဉာဏ် ပေါက်မြောက်စေနိုင်သော အကျင့် ၂-မျိုး ကို ရှင်းပြပါ။
A 22:ကိလေသာများ ကုန်စေတတ်သော ဝိဇ္ဇာဉာဏ် ပေါက်မြောက်စေနိုင်သော အကျင့် ၂- မျိုးမှာ
သမထ နှင့် ဝိပဿနာ ဖြစ်သည်"
သမထ ကျင့်လျှင် အာရုံများအပေါ်တွင် တွယ် မက်သော တဏှာ ရာဂ ကို ဖယ်ရှားပစ်နိုင်၏ "
ဝိပဿနာကျင့်လျှင် အသိပညာတိုးတက်ပြီး အမှန်ကို မသိသော မောဟအဝိဇ္စာ အမှောင်ကို ဖယ်ရှားပစ်နိုင်၏ "
~~~~~~~~~~~~~~~~~~~~~~~~~~
Q23; ၀င်လေ ထွက်လေကို အသုံးချပြီး ဝိပဿနာ တိုက်ရိုက်ရှုပုံကို ဖော်ပြပါ။
A23; ၀င်လေ ထွက်လေကို အသုံးချပြီး ဝိပဿနာ တိုက်ရိုက်ရူပုံမှာ -
၀င်လေထွက်လေ ၊ ထိုလေ ထိသော နေရာ၊ ထိမှန်း သိလိုက်သောစိတ် ထိုသုံးခုကို အာရုံပြုရမည်။
ရူလိုက်သောလေ (ဝါယော ဖောဋ္ဌဗ္ဗရုပ်)၊ ထိုရုပ် တိုးထိ သွားသောနေရာ (ကာယပသာဒရုပ်) တိုရုပ် ၂-ခု ပေါင်းဆုံသောအခါ ထိသိစိတ် (ကာယ ဝိညာဏ်) ပေါ်လာ၏။
လေက ရုပ်တရား၊ လေထိတဲ့နေရာက ရုပ်တရား၊ ထိုရုပ်တရား နှစ်ခု ထိခတ်ခြင်းကြောင့် ထိသိစိတ် နာမ်တရားပေါ်လာ၏။ အသိဉာဏ်ဖြင့် ကြည်လိုက်သောအခါ ထိုအခိုက် ရုပ်နှင့် နာမ်သာရှိပါလားဟု မြင်လာလျှင် ရုပ်နှင့် နာမ် ခွဲခြားသိသော "နာမ ရူပ ပရိစ္ဆေဒဉာဏ်ဖြစ်၏။
နောက်တစ်ဆင့် အသိဉာဏ် တိုးလာသောအခါ - လေနှင့် နာသီးဖျား မထိခင် ထိသိစိတ် မပေါ်သေး" ထိမှသာ အသိစိတ် ပေါ်လာသဖြင့် လေနှင့် နာသီးဖျား ကာယပသာဒ သည် အကြောင်း တရား' ထို ၂-ခုကြောင့် ဖြစ်ပေါ်လာသော အသိစိတ်သည် အကျိုးတရား ဟု အကြောင်း အကျိုး သိလာသော "ပစ္စယ ပရိဂ္ဂဟ "ဉာဏ်ရ၏။ ထို ဝိပဿနာဉာဏ်၏ အခြေခံ ၂ ခုရလျှင် နိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်ပြီး ထိုမှတစ်ဆင်.တက်ပြီး ရူမှတ်သောအခါ ဝိပဿနာဉာဏ်အဆင့်ဆင့်တက်ကာ နောက်ဆုံး သင်္ခါရ အာရုံအားလုံး ချုပ်ငြိမ်းသောနိဗ္ဗာန်ကိုတွေ့ရပါသည်။
~~~~~~~~~~~~~~~~~~~~~~~
Q24; ဗောဋ္ဌဗ္ဗာရုံဖြစ်သည်. လေ၊ လေထိသောနေရာ ကာယပသာဒ ဤ ၂-ခု ပေါင်းစပ်၍ ထိသိစိတ် (ကာယဝိညာဉ်စိတ်) ဖြစ်လာပုံကို ဂက်မီးခြစ် သို့မဟုတ် စောင်းတီးသည့် ဥပမာ-တစ်ခုခုဖြင့် ရှင်းပြပါ။
A24; ဗောဋ္ဌဗ္ဗာရုံဖြစ်သည်. လေ၊ လေထိသောနေရာ ကာယပသာဒ ဤ ၂-ခု ပေါင်းစပ်၍ ထိသိစိတ် (ကာယဝိညာဉ်စိတ်) ဖြစ်လာသည်။
ကာယံ စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယ ဝိညာဏံ။
လေ သဘာဝတစ်ခု ' လေထိသော နေရာ သဘာဝတစ်ခု ထိုရုပ် သဘာဝ ၂-ခုသည် အာရုံကို သိခြင်းသဘော မရှိ။ ထို ရုပ် သဘာဝ ၂-ခု ပေါင်းဆုံမိသောအခါ ဖြစ်ပေါ်လာသော နာမ်တရားသည် အာရုံကို သိသော သဘောရှိ၏။
ဥပမာ..ဂက်စ်မီးခြစ် ကို ခြစ်လျှင်
လက် ၊ ဘီးလုံး နှင့် ဂက်စ် ၃ ခု ရိုရာ ဘီးလုံးပေါ် လက်တင်ပြီး ဖိခြစ်လိုက်လျှင် မီးတောက် ပေါ်လာ၏။
လက်နင့် ဘီးလုံး ဖိခြစ်မှ မီးတောက် ပေါ်လာသကဲ့သို့
ဖောဋ္ဌဗ္ဗရုံ ဖြစ်သောလေနှင့် လေထိ သည် .နေရာ ကာယပသာဒ ဆုံမှ ထိသိစိတ် ကာယ ဝိညာဏ် ဖြစ်ပေါ်လာရပါသည်။
~~~~~~~~~~~~/--~~~~~~~~~~~
Q25; မည်သည်. ဉာဏ် ၂-ခုရထားလျှင် စူဠသောတာပန် ဖြစ်ပြီဟု ဆိုနိုင်သနည်း။ အဘယ်ကြောင့် နည်း"
A25; ရုပ်နှင့် နာမ်ကို ကွဲပြားစွာသိသော နာမရူပ ပရိစ္ဆေဒဉာဏ် နှင့် ထိုရုပ်နာမ် ၂-ခု၏ ဆိုင်ရာ အကြောင်းကိုသိသော ပစ္စယပရိဂ္ဂဟဉာဏ် ၂-ခု ရထားလျှင် စူဠသောတာပန်-သောတပန် အငယ်စားဖြစ်၏"
အဘယ်ကြောင့်ဆိုသော်-
ရုပ်နှင့်နာမ် ကွဲသွားသည်နှင့် တစ်ပြိုင်နက် သတ္တဝါဆိုသော အတွေးမရှိတော့ ။အမြင်မှန်၏။
ရုပ်နာမ်တို့၏ အကြောင်းကို မြင်သည် အတွက် အကြောင်း အကျိုးနှင့် ပတ်သက်ပြီး သံသယကင်း၏ "
အမြင်မှန်ခြင်းနှင့် သံသယ ကင်းခြင်းသည် သောတာပန် တို့၏ အရည်အသွေး ဖြစ်သဖြင့် စူဠ သောတာပန်ဟု ဆိုနိုင်ခြင်း ဖြစ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~
Q26; ဘုရားသာသနာနှင့် ကြုံခိုက် အနည်းဆုံး မည်သည့်အဆင့်ရအောင် ကြိုးစားအားထုတ်သင့်သနည်း။
သင်္ခါရုပေက္ခာဉာဏ် ရင့်သန် သွားလျင် မည်သည်.ကို တွေ့ရမည်နည်း။
A26; ဘုရားသာသနာနှင့် ကြုံခိုက် စူဠသောတာပန်အဆင့် အနည်းဆုံးရအောင် ကြိုးစားအားထုတ်သင့်ပါသည်။
သင်္ခါရုပေက္ခာဉာဏ် ရင့်သန်သွားပြီးလျှင် မကြာမီ သင်္ခါရ အာရုံအားလုံး ချုပ်ငြိမ်းသွားသော နိဗ္ဗာန်ကို တွေ့ရမည်ဖြစ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~
Q27; သမထ နှင့် ဝိပဿနာ အထူး (မတူ ထူးခြား ကွဲပြားပုံများ) ကို ဖော်ပြပါ။
A27: သမထ နှင့် ဝိပဿနာ အထူး
(၁) သမထသည် ဆန့်ကျင်ဘက် တရားများကို ငြိမ်သက်ပျောက်ကင်းစေနိုင်သော သမာဓိ တရားဖြစ်သည်"
ဝိပဿနာသည် အနိစ္စ စသည်ဖြင့် အထူးထူးအပြားပြား ဓမ္မကို ရှုမြင်တတ် သော ဉာဏ် ဖြစ်သည်။
(၂) သမထ ၏ အာရုံသည် အများအားဖြင့် ပညတ်ဖြစ်ပြီး
ဝိပဿနာ၏ အာရုံမှာ ရုပ်နှင့်နာမ် ပရမတ် ဖြစ်သည်။
(၃) သမထ ကို ထိုင်ခြင်း ဣရိယာပုထ် ဖြင့် အားထုတ်ရပြီး
ဝိပဿနာမှာ ဣရိယာပုတ် မရွေး အားထုတ်နိုင်သည်"
(၄) သမထ အားထုတ်၍ ဈာန်ရလျှင် ဈာန်ဝင်စားနိုင်၏ "
ဝိပဿနာ အားထုပ်၍ အရိယာဖြစ်လျှင် ဖိုလ် ဝင်စားနိုင်၏ "
(၅) သမထ ၏ လမ်းဆုံးမှာအဘိဉာဉ် ဖြစ်ပြီး
သေလျှင် ဗြဟ္မာဘုံရောက်၏။
ဝိပဿနာလမ်းဆုံးမှာ မဂ်ဖိုလ် နိဗ္ဗာန်တိုင်အောင် ရောက်၏ "
~~~~~~~~~~~~~~~~~~~~~~~~~
လွယ်ကူစွာ လေ့လာနိုင်ရန် အတွက်သာ
နမူနာ အမေးကို နမူနာအဖြေများအဖြစ်ဖြေပေးခြင်းဖြစ်ပါတယ်။
ဤအတိုင်း ၏ သည် မလွှဲ ဖြေရမည်ဟု မဆိုလိုပါ"
မေးခွန်း၏ ဆိုလိုရင်းကိုကြည့်၍ မှန်ကန်သင့်လျော်အောင်ဖြေဆိုပါ "
လိုတာထည့်ပါ၊ ပိုတာ နုတ်ပါ၊ မှားတာပြင် ပါ"
အားလုံး အောင်မြင်ကြပါစေ"
Credit:ဦးစိန်ဦး
..........................
..........................
No comments:
Post a Comment